Sunday, July 20, 2025

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...
HomeNewsLocal Newsကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော အနာဂတ်ဖန်တီးပေးရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်...

ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော အနာဂတ်ဖန်တီးပေးရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော အနာဂတ်တစ်ခု ဖန်တီးပေးရန် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

ယနေ့ နိုဝင်ဘာ (၂၀) ရက် နံနက် (၉)နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိုတော်ခန်းမ၌ ကျင်းပသည့်(၃၄) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့တွင် ဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်မှာပါရှိသည့် ကလေးသူငယ် အခွင့်အရေး (၄) ရပ်ကို ကလေးသူငယ်တိုင်း ရရှိစေရန် တာဝန်ရှိသူများမှ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ကလေးသူငယ် အခွင့်အရေး (၄) ရပ်မှာ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ လုပ်ဆောင်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်တိုင်း ရရှိစေရန် တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ ဖွဲစည်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။ 

ကလေးသူငယ်များ၏ အခွင့်အရေးများကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ်အရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ၂၀၂၁ ခုနှစ် သြဂုတ် (၂၇)ရက်တွင် ပြန်လည်ပြင်ဆင်ဖွဲစည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမှီ တန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ ၄၀ နီးပါး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။ ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071