ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေ

0
345

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီများလိုအပ်နေ‌ပြီး၊ စေတနာရှင်ပြည်သူများဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြပါရန် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ(ရှမ်းမြောက်)က အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ သောင်းနှင့်ချီ၍ရှိနေပြီး၊ တစ်ရက်နှင့်တစ်ရက်ပိုမိုတိုးပွားလာနေသည်ဟု ဆိုသည်။

စစ်ရှောင်ပြည်သူများဘေးကင်းလုံခြုံသောနေရာသို့ပြောင်းရွှေ့နိုင်ရေးအပါအဝင် လိုအပ်လျက်ရှိသော စားနပ် ရိက္ခာများ ၊ အမိုးအကာများ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများနှင့် အရေးပေါ်အခြေခံဆေးဝါးများလိုအပ်လျှက်ရှိကြောင်း သိရသည်။

ယင်းအတွက်ပြည်တွင်းပြည်ပရှိ လူသားချင်းစာနာထောက်ထားသည့် စေတနာရှင်များက တတ်နိုင်သ၍ ဝိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံဖိတ်ခေါ်ထားသည်။

အဆိုပါ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ(ရှမ်းမြောက်)ကို တအာင်း အရပ်ဖက်အဖွဲ့အစည်းများ၊ တအာင်း လူထုအခြေပြုအဖွဲ့အစည်းများနှင့် တအာင်းသံဃာတော်များက ယခုလ နိုဝင်ဘာ (၁၆)ရက်နေ့တွင် စတင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here