Tuesday, July 15, 2025

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...

ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် ကျောင်းသား၊ သူများကို...

ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ကျောင်းတတ်ခွင့်အတွက် ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် ကျောင်းသား၊ သူများကို ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။ Global Elim Foundation...
HomeNewsLocal Newsမသန်စွမ်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများအပြင် သင်တန်းများကိုပါ...

မသန်စွမ်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများအပြင် သင်တန်းများကိုပါ ပို့ချသွားမည့် ‘မျှတ’ အစီအစဉ်ကို အက်တမ် (ATOM) မှ မိတ်ဆက်ပေးခဲ့

အက်တမ် (ATOM) မှ မသန်စွမ်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများပေးမည့် “မျှတ”အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ယင်းအစီအစဉ်တွင်ပါဝင်ရန် တိုက်တွန်းထားသည်။

“မတူကွဲပြားတဲ့အရည်အချင်းတွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ မသန်စွမ်းသူတွေကလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာကို ကျွန်တော်တို့အနေနဲ့ သေချာနားလည်ထားပြီး သူတို့ကို ပံ့ပိုးကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဥ်ကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ မသန်စွမ်းသူတွေအားလုံး ဒီအစီအစဉ်မှာ ပါဝင်ကြဖို့ တိုက်တွန်းလိုပြီး သူတို့အနေနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေကြတာကို မြင်တွေ့ရဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေမိပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော် ကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မသန်စွမ်းသူများကို အဓိပ္ပာယ်ပြည့်ဝသည့် လုပ်ငန်းခွင်အတွေ့အကြုံနှင့် သင်ကြားမှုများကို ထောက်ပံ့ပေးအပ်နိုင်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ‘မျှတ’ အစီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း ကြေညာခဲ့သည်။

အက်တမ် (ATOM) သည် လူတိုင်းသာတူညီမျှ ပါဝင်နိုင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံရှိ အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုဖြစ်အောင် ကြိုးပမ်းအားထုတ်သွားမည်ဆိုသည့် ကတိကဝတ်များနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ထင်ဟပ်နေသော ယခုကဲ့သို့အစီအစဉ်ကိုစတင်သည့် နိုင်ငံတွင်း ပထမဦးဆုံးနှင့်တစ်ခုတည်းသော တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်သည်။

‘မျှတ’ အစီအစဉ်တွင် ရွေးချယ်ခံရသည့်သူများသည် တန်ဖိုးရှိသော လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှုများကို သင်ယူလေ့လာနိုင်မည့် (၂) လတာအလုပ်လုပ်ကိုင်ခွင့် (အစမ်းခန့်ကာလ) ရရှိမည်ဖြစ်ပြီး အဆိုပါ (၂) လတာ အစမ်းခန့်ကာလပြီးဆုံးချိန်တွင် စွမ်းဆောင်ရည်၊ အသက်မွေးဝမ်းကြောင်းရည်မှန်းချက်၊ စိတ်နေသဘောထားအပြင် လုပ်ငန်းလုပ်ကိုင်နိုင်စွမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေးနှင့် ဗဟုသုတတို့အပေါ် မူတည်ပြီး (၁) နှစ်တာ အလုပ်လုပ်ကိုင်နိုင်မည့် ဝန်ထမ်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယခုအစီအစဉ်ကာလတစ်လျှောက်တွင် ရွေးချယ်ခံရသူများအနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတနှင့် ရုံးတွင်းသုံး မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲများကိုလည်း အသုံးပြုနိုင်ရန် လိုအပ်သည့်အခြေခံကျွမ်းကျင်မှုများနှင့်ပတ်သက်ပြီး အကျယ်တဝင့် သင်ကြားပြသပေးသွားမည့်သင်တန်းများကို တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်အတွင်း တန်းတူညီညွတ်မှုရှိစေရန် ရွေးချယ်ခံရသူများအားလုံးအတွက် အခြားဝန်ထမ်းများနှင့် ထပ်တူညီမျှသောလစာငွေကြေး၊ အကျိုးခံစားခွင့်များ ဖန်တီးလုပ်ဆောင်ပေးခြင်းဖြင့် လူတိုင်းသာတူညီမျှ ပါဝင်နိုင်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လူသားတိုင်းမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးတွေရှိသင့်တယ်လို့ ကျွန်တော်တို့ အက်တမ် (ATOM) က လက်ခံယုံကြည်ထားပါတယ်” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်။

အဆိုပါ ‘မျှတ’ အစီအစဉ်တွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ၊ ကော်ပိုရိတ်ကိစ္စရပ်များဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာနှင့် အမှုဆောင်အရာရှိချုပ်ရုံးပိုင်းဆိုင်ရာ အစရှိသည့် အက်တမ် (ATOM) ၏ သက်ဆိုင်ရာဌာနများ၌ လုပ်ဆောင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧည့်ကြိုကောင်တာဝန်ထမ်း (Receptionist)၊ အသင်းအဖွဲ့တာဝန်ခံ (Team Coordinator)၊ ရုံးတွင်းအမှတ်တံဆိပ်ဆိုင်ရာနှင့် ပွဲစီစဉ်မှုများ (Internal Branding & Events)၊ လူမှုအကျိုးပြုလုပ်ငန်းများ ကူညီထောက်ပံ့ပေးမှု (CSR Support)၊ ရုံးတွင်းပြောဆိုဆက်သွယ်ရေး (Internal Communications) နှင့် ဒေတာဖြည့်သွင်းမှု (Data Entry) အစရှိသည့်နယ်ပယ်အသီးသီးတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမည်ဖြစ်ကာ ဖော်ပြပါအလုပ်အကိုင်ရာထူးများသည် ရန်ကုန်မြို့တွင်းရှိ အက်တမ် (ATOM) ရုံးချုပ်သို့ လာရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

‘မျှတ’ အစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး လျှောက်ထားသူများသည် ကိုယ်ရေးအကျဉ်းကို hr@atom.com.mm အီးမေးလ်မှတစ်ဆင့် ပေးပို့နိုင်သည့်အပြင် အက်တမ် (ATOM) ၏ အလုပ်အကိုင် ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့် အက်တမ် (ATOM) ၏ Facebook လူမှုကွန်ရက်စာမျက်နှာ သို့မဟုတ် LinkedIn လူမှုကွန်ရက်စာမျက်နှာ သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

‘မျှတ’ အစီအစဉ်လျှောက်ထားသူများအတွက် တစ်ခုတည်းသောလိုအပ်ချက်မှာ အင်္ဂလိပ်ဘာသာစကား အခြေခံတတ်ကျွမ်းရန်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများသာ လူတွေ့မေးမြန်းခြင်းအဆင့်တွင် ပါဝင်နိုင်မည်ဖြစ်ကာ ယခု (၂) လတာ အလုပ်သင်အစီအစဉ်ကို နောက်ဆုံးရွေးချယ်ခံရသူ (၄) ဦးနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ခဲ့

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ယခုနှစ်ဇန်နဝါရီလမှ ဇွန်လကုန်အထိ ၆ လတာကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၆၇,၇၁၅ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၇,၂၂၁ ပါးတို့နှင့်အတူ အမျိုးသား ၁,၅၃၂,၅၁၀ ဦး၊ အမျိုးသမီး ၁,၈၄၀,၂၉၃ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အလားတူ နိုင်ငံခြားသား ၁၇,၉၀၇ ဦး၊ နိုင်ငံခြားသူ ၂၀,၈၁၂ ဦးဝင်ရောက်ခဲ့ကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071