မူဆယ်မြို့တွင် အုပ်စုဖွဲ့ ဓားပြတိုက်နေသူများဟု ယူဆရသူ (၅)ဦးကို ရဲတပ်ဖွဲ့မှ ပစ်ခတ် ဖမ်းဆီး

0
211

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် အုပ်စုဖွဲ့ ဓားပြတိုက်နေသူများဟု ယူဆရသူ (၅)ဦးကို စက်တင်ဘာ (၂၃)ရက် နံနက် (၆) နာရီကျော်အချိန်က ရဲတပ်ဖွဲ့မှ ပစ်ခတ် ဖမ်းဆီးခဲ့ရာ (၂) ဦး သေပြီး (၂) ဦး အရှင် ဖမ်းဆီးရမိကာ (၁)ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက်မှ သိရသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ မန်ဝိန်း (၂) လမ်းထဲတွင် ကားဖြင့် ထွက်ပြေးသည့် ဓားပြဆိုသူများကို ရဲတပ်ဖွဲ့မှ လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မန်ဝိန်း ၂ လမ်းထဲမှာ ဓားပြကို လိုက်ပစ်တာ။ ဓားပြတိုက်တဲ့ ကောင်တွေက ဘယ်ကလဲ မသိပါဘူး။”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး မူဆယ်မြို့တွင် လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here