ကုမ္ပဏီ ၃ ခုမှ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းလာကာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည့် EV ကားနှင့် EV ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းနှင့်မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တို့သို့ရောက်ရှိလာခဲ့သည်။
Aung Gabar Motor Service Co., Ltd.မှ တင်သွင်းလာသည့် BAIC BEIJING EU5 Plus အမျိုးအစား EV ကားများနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသည့် AIMA အမျိုးအစား EV ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်း၊ Premier Automotive Ltd. မှ တင်သွင်းလာသည့် Geely Geometry C အမျိုးအစား EV ကားများသည် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရောက်ရှိလာသည့် EV ကားများနှင့် EV ဆိုင်ကယ်များအား စက်တင်ဘာ ၂၂ ရက်က တာဝန်ရှိသူများမှလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။




