Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeInternationalဇလန်းစကီး အမေရိကန်ခရီးစဉ် ယခင်ကနှင့်...

ဇလန်းစကီး အမေရိကန်ခရီးစဉ် ယခင်ကနှင့် မတူဟုဆို

ယူကရိန်းသမ္မတ ဇလန်းစကီးသည် လွန်ခဲ့သည့် ၁၀ လခန့်က ၎င်း၏နောက်ဆုံးခရီးစဉ်အတွင်း ရရှိခဲ့သည့် အားပေးချီးမြှောက်မှုများနှင့် ကြီးမားသောစစ်ရေးဆိုင်ရာ ကတိကဝတ်များကို ပြန်လည်ရရှိရန် မျှော်လင့်ကာ ယခုသီတင်းပတ်အတွင်း အမေရိကသို့ လာရောက်ခဲ့သည်။ ယင်းအစား၊ သူသည် ကမောက်ကမဖြစ်ရပ်တို့ကို ရင်ဆိုင်ခဲ့ရသည်။

အမေရိကန် သမ္မတဘိုင်ဒင်က ဇလန်းစကီးကို အိမ်ဖြူတော်သို့ ဒုတိယအကြိမ်အဖြစ် နွေးထွေးစွာ ကြိုဆိုခဲ့ပြီး နောက်ထပ် ပံ့ပိုးမှုအသစ်တစ်ခု ထပ်မံပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ဘိုင်ဒင်သည် တာဝေးပစ် ATACMS ဒုံးကျည်များ ယူကရိန်းသို့ပေးရန်ကို ငြင်းဆိုထားသည်။ ဘိုင်ဒင်အစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က အစောပိုင်းရက်အနည်းငယ်က ပေါက်ကြားခဲ့သည့် သတင်းများကြောင့် ဇလန်းစကီး လိုလားနေသည့် တာဝေးပစ် ATACMS ဒုံးကျည်များ အကူအညီပေးမည့် အစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းကြောင်းဖြစ်သည်။

ယူကရိန်းအား ATACMS ဒုံးကျည်များ ပေးအပ်ခြင်းအတွက် တရား၀င် ငြင်းခုံမှုများ ရှိသည်။ တစ်ဖက်တွင်မူ ဒုံးကျည်များသည် မိုင် ၁၉၀ အကွာအဝေးအထိပစ်ခတ်နိုင်သောကြောင့် ယူကရိန်းသည် ခရိုင်းမီးယားရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်ပြီး ရုရှားပိုင်နက်အတွင်းသို့ ကောင်းစွာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ အခြားတစ်ဖက်တွင်၊ ထိုပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းသည် ပူတင်၏ “အနီရောင်မျဉ်းများ” ကိုဖြတ်ကျော်ကာ စစ်ပွဲကို အရှိန်မြှင့်သည့် အခြေအနေဆီသို့ တွန်းပို့နိုင်သည်။ သမ္မတ ဘိုင်ဒင်သည် ယင်းဒုံးကျည်များ ပေးအပ်ခြင်းကို ဆန့်ကျင်သည့်သဘောမရှိပါက၊ ယခုအချိန်သည် ဒုံးကျည်များ ပေးပို့ရမည့်အချိန်ဖြစ်သည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များ၏ ထိုးနှက်မှုအနည်းငယ်ကြောင့် ယူကရိန်းသို့ အမေရိကန်က ထောက်ပံ့မှုများ ရပ်တံ့ပစ်ရန် ဖိအားပေးခံနေရသည့်အခြေအနေကို ကွန်ဂရက်တွင်ရင်ဆိုင်နေရသော်လည်း ကွန်ဂရက်လွှတ်တော်က မှန်ကန်သော လုပ်ရပ်ကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဇလန်းစကီးက ဆိုခဲ့သည်။

ထို့နောက် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီ ကလည်း ကွန်ဂရက်၏ ပူးတွဲအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန် ဇလန်းစကီး၏တောင်းဆိုမှုကို ငြင်းဆိုရုံသာမက ကွန်ဂရက်၏ သီးသန့်အစည်းအဝေးခန်းတွင် လွှတ်တော်အမတ်များနှင့်တွေ့ဆုံရန်ကိုပါတားမြစ်ခဲ့ပြီး ဇလန်းစကီးက လွှတ်တော်အမတ်များအား ရှင်းလင်းပြောကြားခြင်းကို အိမ်ဖြူတော်မှ တစ်မိုင်နီးပါးဝေးသည့် အမျိုးသား မော်ကွန်းတိုက်တွင် ပြုလုပ်ရန် စီစဉ်ညွှန်ကြားပေးခဲ့သည်။ ရီပတ်ဘလစ်ကန်အမတ်များအပါအဝင် အထက်လွှတ်တော်အမတ် ထက်ဝက်ကျော်တို့သည် ကာပီတိုလ်၏တစ်ဖက်ခြမ်းရှိ ဇလန်းစကီး၏ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။

အမေရိကန်သို့မလာရောက်မီ ဇလန်းစကီးသည် ကုလသမဂ္ဂအထွေထွေ ညီလာခံ မစတင်မီတွင် မိန့်ခွန်းပြောခဲ့သေးသည်။ သို့သော် ခန်းမ၏ ထိုင်ခုံ သုံးပုံတစ်ပုံကျော်မှာ လွတ်နေပြီး လုံခြုံရေး ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံမှ အကြီးအကဲများလည်း ရှိမနေခဲ့ချေ။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ စည်းမျဉ်းများအောက်တွင်၊ ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ငါးဦးစီသည် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ဗီတိုအာဏာသုံးပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ဇလန်းစကီးက ပဋိညာဉ်ကို ဆန့်ကျင်ပြီး အထွေထွေညီလာခံအား ဗီတိုအာဏာကို ကျော်လွန်ခွင့်ပြုရန်နှင် လုံခြုံရေးကောင်စီ၏ စည်းမျဉ်းကို ပြောင်းလဲရန် တိုက်တွန်းခဲ့ရပြန်သည်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာလည်း ဇလန်းစကီးမျှော်လင့်ထားသည်ထက် အဆပေါင်းများစွာနှေးကွေးနေသည်။ ကုလသမဂ္ဂကလည်း ရုရှားအပေါ် ထိထိရောက်ရောက် ဖိအားမပေးနိုင်ကြောင်း ထင်ရှားနေသည်။ ဇလန်းစကီး၏ ယခု အမေရိကန် ခရီးစဉ်သည် အမေရိကန်၏ စိတ်ရှည်မှုနှင့် အကူအညီအပေါ် ကန့်သတ်ချက်များ ရှိလာနိုင်သည်ဟူသော နိုင်ငံတကာလေ့လာသူတို့၏ သံသယများကို အတည်ပြုရတော့မလိုဖြစ်လာသည်။

ယခု အမေရိကန် ခရီးစဉ်မတိုင်ခင် တစ်ပတ်အလိုကလည်း G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဇလန်းစကီးကို G20 အစည်းအဝေးသို့ မတက်ရောက်ရန် တားမြစ်ခဲ့သေးသည်။

ဇလန်းစကီး၏ အမေရိကန်ခရီးစဥ် ပြီးဆုံးချိန်တွင် ယူကရိန်း၏ထိပ်တန်းမဟာမိတ်များထဲမှ တစ်ဦးဖြစ်သည့် ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki ကလည်း ယူကရိန်းအတွက် လိုအပ်နေဆဲဖြစ်သည့် ခေတ်မီလက်နက်များကို ဆက်လက်ပံ့ပိုးတော့မည်မဟုတ်ဟု ပြောကြားလိုက်ပြန်သည်။ ပိုလန်သမ္မတ Andrzej Duda က ပိုလန်အနေဖြင့် ယခင်က ကတိပြုထားသော လက်နက်များကိုမူ ပေးပို့မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း ဆက်ပေးပို့မည့်အစီအစဉ်မှာ ပြီးဆုံးသွားခဲ့သည်။

လက်ရှိအခြေအနေတွင် ဇလန်းစကီးသည် သူ၏ထိန်းချုပ်နိုင်မှုထက်စာလျှင် အဖက်ဖက်မှ အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် စစ်ပွဲကလည်း အရှိန်အဟုန်မြင့်လာနေသည်။ ငြိမ်းချမ်းရေးအတွက် အာမခံချက်ကလည်း မရှိနိုင်သလို တစ်ဖက်နှင့် တစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် ဖော်မြူလာလည်း မရှိသေးချေ။ ထိုအတောအတွင်း၊ တစ်ချိန်က မကြာမီအတွင်း ရာထူးမှဆင်းပေးရမည်ဟု လူအများမြင်ခဲ့သော ရုရှားသမ္မတ ပူတင်မှာလည်း မူလအတိုင်းပင် သမ္မတအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သဖြင့် သူသည် တာရှည်ခံမည်ဖြစ်ကြောင်း လေ့လာသူတို့က ဆိုလာကြပြန်သည်။

သို့ရာတွင် လာမည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ရှေ့ဆုံးမှအရွေးခံမည့်သူ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ရုရှားသမ္မတ ပူတင်တို့နှစ်ဦး ၂၄ နာရီအတွင်း သဘောတူညီမှုရရှိပြီး စစ်ပွဲကို အဆုံးသတ်စေရန် သူစွမ်းဆောင်နိုင်ကြောင်း အခိုင်အမာဆိုလာပြန်သည်။

အဆိုပါ သဘောတူညီမှုဆိုသည်မှာ လက်ရှိ ရုရှားတို့က သိမ်းယူထားသည့် ယူကရိန်းနယ်မြေများကို ဆက်လက်သိမ်းပိုက်ထားခွင့်ပေးမည့် အစီအစဉ်မျိုးကို ဆိုလိုသလောဟု ထရမ့်အားမေးမြန်းရာတွင် ထရမ့်က “မဟုတ်ဘူး၊ မဟုတ်ဘူး၊ နှစ်ဖက်စလုံးအတွက် တရားမျှတစွာ ညှိနှိင်းပေးမှာပါ။ တစ်ဖက်စောင်းနင်း မဟုတ်ဘူး၊ တရားမျှတအောင် လုပ်မှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တွင် ယူကရိန်းနှင့် ရုရှားတို့အကြား စစ်ပွဲများကို အဆုံးသတ်ရန် နည်းလမ်းရှိပါက ယင်း ငြိမ်းချမ်းရေး အစီအစဉ်များကို လူသိရှင်ကြားမျှဝေရန် ဇလန်းစကီးက ထရမ့်ကို တိုက်တွန်းသော်လည်း၊ ယူကရိန်းဖက်မှ နယ်မြေစွန့်လွှတ်ရမည့် အစီအစဉ်မျိုးကိုမူ မိမိလက်ခံမည်မဟုတ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071