ဟားခါးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အန္တရာယ်ရှိနေအိမ်တစ်လုံးအားရွှေ့ ပြောင်းခဲ့ရ

0
189

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ (၁၉) ရက် မွန်းလွဲ (၂) နာရီ (၅၀) မိနစ်ခန့်က မြို့သစ်ရပ်ကွက်ရှိ ထပ်လွယ်လမ်းတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာသို့ ချင်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဟားခါးခရိုင်/မြို့နယ် မီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ လာရောက်ကာ ပြိုကျနေသည့် မြေများအား ဖယ်ရှားရှင်းလင်းခဲ့ကြသည်။

ထို့အပြင် မြေပြိုကျမှုကြောင့် အန္တရာယ်ရှိသည့် နေအိမ်တစ်လုံးအား ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here