မန္တလေးယဉ်ကျေးမှုဇုန်အပါအဝင် ဇုန်သုံးဇုံတွင်ဝင်ကြေးတိုးကောက်မည်

0
47

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေးယဉ်ကျေးမှုဇုန်အပါအဝင် အင်းဝ၊ ပင်းယယဉ်ကျေးမှု ဇုန်များတွင် နိုင်ငံခြားသားခရီးသွားဝင်ကြေးကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။

အဆိုပါ ဝင်ကြေးတိုးမြှင့်ကောက်ခံခြင်းကို လာမည့်အောက်တိုဘာ (၁) ရက်မှစတင်ပြီး ကောက်ခံသွားမည်ဖြစ်ပြီး ယခင်က ငွေကျပ်တစ်သောင်းသတ်မှတ်ထားရာမှ ယခုတွင် ကျပ်တစ်သောင်းခွဲနှုန်းသို့ ပြောင်းလဲသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းခရီးသွားများအတွက် အင်းဝဇုန်ဝင်ကြေးကင်းလွတ်ခွင့်ပေးထားပြီး မန္တလေး ယဉ်ကျေးမှုဇုန်အတွက် အသက် (၁၂) နှစ်အထက် တစ်ယောက်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အများဆုံးသွားရောက်လည်ပတ်လေ့ရှိပြီး မန္တလေးမြနန်းစံ ကျော်ရွှေနန်းတော်၊ ရွှေကျောင်း၊ မန္တလေးတောင်၊ အတုမရှိဘုရား၊ ကုသိုလ်တော်ဘုရား၊ ဦးပိန်တံတား စသည့်နေရာများသို့ အများဆုံးလည်ပတ်မှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here