X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် လစဉ် ငွေအနည်းငယ်ပေးရသည့် စနစ်ကို မကြာမီစတင်တော့မည်ဟု အီလွန်မတ်စ် ဆို

0
201

ယခင်က Twitter ဟုလူသိများခဲ့သည့် ဆိုရှယ်မီဒီယာပလက်ဖောင်း X ကို သုံးစွဲသူအားလုံးအတွက် လစဉ်ငွေအနည်းငယ်ပေးရသည့် paywall စနစ်ကို မကြာမီအတွင်း မိတ်ဆက်အသုံးပြုနိုင်တော့မည်ဟု အီလွန်မတ်စ်က ပြောကြားခဲ့သည်။

“X ဆိုရှယ်မီဒီယာပလက်ဖောင်းကိုအသုံးပြုမှုအတွက် လစဉ်ငွေပေးချေမှု နည်းနည်းတော့ရှိဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေရဲ့ တစ်ခုတည်းသောအရေးကြီးဆုံးအကြောင်းရင်းကတော့ အလိုအလျှောက်ကြော်ငြာဝင်ဝင်ထိုးတဲ့ bot အများအပြားကိုတိုက်ဖျက်ဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ” ဟု အီလွန်မတ်စ်က X တွင်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအတွင်းပြောကြားခဲ့သည်။

ငွေပေးချေမှုစနစ်ရှိခြင်းနှင့် ပရီမီယံအသုံးပြုသူများ၏ ပို့စ်များကို ဦးစားပေးလုပ်ဆောင်ခြင်းသည် အလိုအလျှောက် ကြော်ငြာထိုးလေ့ရှိသော bot များ၏ လွှမ်းမိုးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အီလွန်မတ်စ်က ပြောကြားခဲ့သည်။

“တကယ့်ကို နည်းပါးတဲ့ဈေးနှုန်းလေးနဲ့ ပေါ်ပေါက်လာမှာပါ။ အဲဒီအတွက် ပေးရတဲ့ ငွေပမာဏကို အနည်းဆုံးပဲ ကျွန်တော်ဖြစ်စေချင်ပါတယ်” ဟု အီလွန်မတ်စ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here