ဂျပန် အပါအဝင် (၄) နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြု

0
378

စက်တင်ဘာလ (၇) ရက်နေ့မှ စတင်ပြီး ဂျပန်၊ ဘီလာရုစ်၊ မော်ရိုကိုနှင့် နီပေါနိုင်ငံကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ပြုထားကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ဗီဇာကင်းလွတ်ခွင့်ကို သံတမန်နိုင်ငံကူးလက်မှတ် (Diplomatic Passport) / အထူးနိုင်ငံကူးလက်မှတ် (Special Passport) ကိုင်ဆောင်ထားသူများသာရရှိမည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘရာဇီး၊ ကိုလံဘီယာ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ မော်ရိုကို၊နီပေါ၊ ရုရှား၊ သီရိလင်္ကာနိုင်ငံနှင့် ဆာဘီးယား နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ကို ခွင့်ပြုပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here