မိတ္ထီလာမြို့သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို (၈) ရက်ကြာ ထည့်သွင်းကျင်းပမည်

0
566

(၁၄ဝ) ကြိမ်မြောက် မိတ္ထီလာမြို့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို (၈)ရက်ကြာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။

အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာ(၂၂) ရက်မှ (၂၉) ရက် အထိ (၈) ရက်ကြာထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်း၊ နှစ်တန်းခွဲခြားကျင်းပမည်ဟုလည်း သိရသည်။

အကြီးတန်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၅) သိန်း၊ ဒုတိယဆု ကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း၊ အငယ်တန်းပြိုင်ပွဲတွင် ပထမဆု ကျပ် (၃) သိန်း၊ ဒုတိယဆု ကျပ် (၂) သိန်း၊ တတိယဆု ကျပ် (၁) သိန်းတို့ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်မည့်အသင်းများအနေဖြင့် စက်တင်ဘာ (၁၄)ရက် မွန်းတည့် (၁၂) နာရီ နောက်ဆုံးထား စာရင်းပေးသွင်းရန် နှိုးဆော်ထားပြီး လက်ရှိ အချိန်ထိ ပြိုင်ပွဲဝင်အသင်း (၂ဝ) စာရင်းပေးသွင်းထားကာ စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင်အသင်းများကို အုပ်စုမဲနှိုက်ပြီး ပွဲစဉ်များကို အတည်ပြုပေးမည်ဖြစ်ကြောင်း လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

မိတ္ထီလာမြို့ရှိ (၁၄ဝ) ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ (၂၂) ရက်မှ အောက်တိုဘာ (၁) ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here