သာကေတအဝိုင်းထိပ်တွင် သေဆုံးနေသည့် အိမ်ခြေမဲ့အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

0
278

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊သာကေတအဝိုင်းထိပ်အနီးတွင် စက်တင်ဘာ ၁၈ ရက်(ယနေ့) ညနေ ၅ နာရီခန့်က သေဆုံးနေသည့် အိမ်ခြေမဲ့အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ပါ၊အသက် (၄၀)နှစ်လောက်ရှိပါပြီ ပြင်ပဒဏ်ရာမရှိပါဘူး တာဝန်ရှိတဲ့လူတွေလည်းလာပြီးစစ်ဆေးသွားပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးနောက် အောင်နိုင်သူလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲခန့်ကလည်း သာကေတအဝိုင်းထိပ်အနီးတွင် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အသက်(၄၀)နှစ်ခန့်ရှိ အိမ်ခြေမဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့သေးကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here