မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်း၏ ရုရှားခရီးစဉ်ပြီးဆုံး

0
885

မော်စကို၊စက်တင်ဘာ ၁၇

ပြုံယမ်းအနေဖြင့် ယူကရိန်းတိုက်ပွဲအတွက် မော်စကိုသို့လက်နက်ထောက်ပံ့လိုက်မည်ကို စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်း၏ရုရှားခရီးစဉ်အား ယနေ့အဆုံးသတ်ကာ ကင်မ်သည်ရုရှားမှပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည်။

ကင်မ်ပြန်မထွက်ခွာမီတွင် ရုရှားဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက လက်ဆောင်အဖြစ် ဖောက်ခွဲရေးဒရုန်းငါးစင်း၊ကင်းထောက်ဒရုန်းတစ်စင်းနှင့်ကျည်ကာအင်္ကျီတစ်ထည်တို့ကိုပေးအပ်ခဲ့ကြောင်း TASS သတင်းဌာနကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်း၏အပြန်ခရီးစဉ်တွင် နှုတ်ဆက်သည့်အခမ်းအနားကိုပါကျင်းပကာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ရီယာနိုဗိုစတီသတင်းဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းတွင်ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့်မော်စကိုတို့သည် အစဉ်အဆက်ကတည်းကမိတ်ဖက်နိုင်ငံများဖြစ်ခဲ့ကြပြီး နှစ်နိုင်ငံလုံးသည် နိုင်ငံတကာ၏ပိတ်ဆို့ဒဏ်ခတ်မှုအားခံထားရသည့်နိုင်ငံများလည်းဖြစ်ကြသည်။

ကိုဗစ်ကပ်ရောဂါအလွန်ကာလတွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်သည့် မော်စကိုခရီးစဉ်ကြောင့် ၎င်းတို့နှစ်နိုင်ငံပေါင်းပြီး ပိတ်ဆို့ဒဏ်ခတ်မှုများကိုအံတုကာ အချင်းချင်းလက်နက်ထောက်ပံ့မှုပြုလုပ်မည်ကို အနောက်အုပ်စု က စိုးရိမ်မှုများမြင့်ခဲ့သည်။

သို့သော် ခရင်မလင်ကမူ မြောက်ကိုရီးယားခေါင်းဆောင်၏ မော်စကိုခရီးစဉ်အတွင်း မည်သည့်သဘောတူညီချက်မျှ လက်မှတ်ရေးထိုးခြင်းမရှိခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကင်မ်၏ရုရှားခရီးစဉ်အပြီး၌ သမ္မတပူတင်သည်လည်း ခေါင်းဆောင်ကင်မ်၏ မြောက်ကိုရီးယားသို့အလည်လာရန်ဖိတ်ကြားမှုအား လက်ခံခဲ့ကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here