Sunday, July 20, 2025

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...

ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ဇူလိုင် ၁၉...
HomeInternationalဟနွိုင်း ၌ တိုက်တန်းလျား...

ဟနွိုင်း ၌ တိုက်တန်းလျား မီးလောင်မှုကြောင့် ၅၆ ဦးသေဆုံး၊ဒါဇင်နှင့်ချီဒဏ်ရာရခဲ့ကြ

ဟနွိုင်း၊စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံ၏မြို့တော်ဟနွိုင်းတွင် တိုက်တန်းလျား မီးလောင်မှုကြောင့် လူပေါင်း ၅၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ “လူပေါင်း ၅၆ ယောက်လောက်သေဆုံးသွားပြီး ၃၇ ယောက်လောက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟုရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး သေဆုံးသူ ၅၆ ဦးအနက် ၃၉ ဦးကို မည်သူမည်ဝါဖြစ်ကြောင်းစုံစမ်းသိရှိရပြီဖြစ်ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုသည် အထပ်ကိုးထပ်ရှိသည့် တိုက်တန်းလျားအဆောက်အအုံတစ်ခုတွင်ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁၅၀ ခန့်နေထိုင်သည်ဟုလည်းသိရသည်။ ပိတ်မိနေသူများအနက် အယောက် ၁၀၀ ခန့်အား ကယ်ဆယ်ရေးသမားများကကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ကုသပေးထားကြောင်းသိရသည်။

အချို့မှာလည်း မီးဘေးမှလွတ်မြောက်ရန်အတွက် ပြတင်းပေါက်များမှခုန်ချသဖြင့် ထိခိုက်ဒဏ်ရာများရရှိမှုကြောင့် ဆေးရုံသို့ပို့ဆောင်ကုသမှုပေးနေကြောင်းသိရသည်။

သေဆုံးသူများအနက် ကလေးငယ်သုံးယောက်ထက်မနည်းပါဝင်နိုင်သည်ဟုလည်းဆိုကြသည်။

“အဲ့ဒီနားတစ်ဝိုက်မှာက အဆောက်အအုံတွေကြပ်ပိတ်နေတော့ အခုလိုအရေးပေါ်ဖြစ်လာတဲ့အခါ လွတ်ရာပြေးဖို့မလွယ်လို့ အခုလိုသေဆုံးနှုန်းများသွားရတာပါ” ဟု အနီးပတ်ဝန်းကျင်ရှိဒေသခံတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါတိုက်ခန်းများတွင် လေသာဆောင်လက်ရန်းများကိုသံတန်းများဖြင့်ပြုလုပ်ထားပြီး အရေးပေါ်အခြေအနေအတွက်အသုံးပြုရန်လှေကားလည်းမရှိကြောင်းသိရှိရသည်။

“ကလေးတစ်ယောက်ကိုဆိုရင် သူ့မိဘတွေကအပေါ်ကနေပစ်ချပေးလိုက်ပြီး အောက်ကလူတွေကပိုက်ကွန်နဲ့ကူဖမ်းပေးကြပေမဲ့ အဲ့ကလေးအသက်ရှင်လားမရှင်လားတော့မသိပါဘူး” ဟု အခြားမျက်မြင်တွေ့သူတစ်ဦးကလည်းဆိုသည်။

အချို့မှာလွတ်မြောက်သွားကြသော်လည်း ထိခိုက်ဒဏ်ရာများရရှိကြကာ အချို့ကမူ မိသားစုဝင်များအားဆုံးရှုံးလိုက်ကြရသည်ဟုလည်းသိရသည်။

ဗီယက်နမ်သည် မီးလောင်မှုများမကြာခဏဖြစ်ပေါ်လေ့ရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည်တစ်နှစ်ကလည်း ဟိုချီမင်းမြို့ရှိ ဘားတစ်ခု၌မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ ၃၂ ဦးသေဆုံးခဲ့သည်ဟုလည်းသိရှိရသည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း တချို့ ပြန်ရောက်လာ

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်းလည်း မြို့ခံတဦးက ပေါ်ပြူလာနယူးကိုပြောသည်။ ပထမအသုတ်အဖြစ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝက ဝန်ထမ်း တချို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။ “ဇူလိုင်လ ၁၈ ရက် ညနေ ကတည်းကပါ။ အိမ်စီးကားတွေနဲ့ ရောက်လာတာ ကားအစီးရေရာနဲ့ချီရှိတယ်၊ စားနပ်ရိက္ခာကားတွေလည်းပါတယ်” ဟု သူက ပြောပြသည်။ ထို့အပြင် စုံစမ်းမှုအရ နောင်ချိုမြို့အတွင်း စစ်ရှောင်သူတချို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071