နေတိုးအဖွဲ့ဝင်ရန် ဖိတ်ခေါ်မှုကို ယူကရိန်း လိုလား မျှော်လင့်၊ မဟာမိတ်များဖက်က မသေချာ

0
143

နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာရန် ယူကရိန်းနိုင်ငံက လိုလားပြီး၊ အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်မှုကိုလည်း မျှော်လင့်နေကြောင်း၊ ယူကရိန်းနိုင်ငံသည် အနောက်နိုင်ငံများ၏ လုံခြုံရေးအခြေခံအဆောက်အအုံတွင် မဟာမိတ်ဖွဲ့ကာ နိုင်ငံအား ကျောထောက်နောက်ခံပြုရန်အတွက် မဟာမိတ်အဖွဲ့သို့ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ထိပ်တန်း ယူကရိန်းအရာရှိများကဆိုသည်။ ယင်းသည် ရုရှားအတွက် ပြတ်သားသော သတင်းစကားဖြစ်ကြောင်းလည်း သူတို့ကပြောသည်။

ထိုသို့ ချိတ်ဆက်ခြင်းနှင့်ပတ်သက်၍ လစ်သူယေးနီးယားနိုင်ငံ Vilnius မြို့တွင် လာမည့်သီတင်းပတ်အတွင်း ပြုလုပ်မည့် နေတိုးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမှ ရှင်းလင်းပြတ်သားသောအချက်ပြမှုတစ်ရပ်ကို ယူကရိန်းက လက်ခံရရှိလိုကြောင်းသိရသည်။

အဖွဲ့ဝင် ၃၁ ဦးပါ မဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအပေါ် အကြီးမားဆုံးသော တွန်းအားပေးနိုင်မှုကို ပိုင်ဆိုင်ထားသည့် အမေရိကန်ကမူ ယူကရိန်းအနေဖြင့် မဟာမိတ်အဖွဲ့ဝင်ဖြစ်ခြင်းထက် “လုံခြုံရေးအာမခံချက်များ” ဟူသော စကားကိုသာ ပိုမိုအာရုံစိုက်ခြင်းဖြင့် ယူကရိန်းအစိုးရ၏ မျှော်လင့်ချက်များကို လျှော့ချရန် လအတန်ကြာ ကြိုးပမ်းနေခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here