လန်ဒန်ရှိ မူလတန်းကျောင်းသို့ ကားတစ်စီး ဝင်တိုက်မိရာ ၈ နှစ်အရွယ် ကလေးမ တစ်ဦးသေဆုံး ၊ ၁၅ ဦး ဒဏ်ရာရ

0
116

လန်ဒန် အနောက်တောင်ပိုင်း၊ ဝင်မ်ဘဲလ်ဒန်မြို့ရှိ မူလတန်းကျောင်းတစ်ခုသို့ ဇူလိုင်လ ၆ ရက် ကြာသပတေးနေ့က အမျိုးသမီးတစ်ဦး ကားနှင့် ဝင်တိုက်မိရာ ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ အနက်ရောင် လန်ရိုဗာ ကားတစ်စီးက ကျောင်း၏ ဝင်းတံခါးကို ဝင်တိုက်မိပြီး အထဲသို့ ဝင်ရောက်လာချိန် ကလေးမလေးများသည် စုပေါင်း၍ လက်ဖက်ရည်သောက်ပွဲ ကျင်းပတိုင်း ကစားနေခဲ့သည်။ ဒဏ်ရာရရှိသော ကျောင်းသူများမှာ ၄ နှစ်မှ ၁၁ နှစ်အရွယ်ကြား ဖြစ်သည်။

ကားမောင်းနှင်သူ အသက် ၄၀ ဝန်းကျင် အမျိုးသမီးကိုမူ အန္တရာယ်မကင်းစွာ မောင်းနှင်မှုကြောင့် လူသေဆုံးစေမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

အဆိုပါ မတော်တဆမှုမှာ နံနက် ၉ နာရီခွဲလောက်တွင် ဖြစ်ပွားခဲ့သည်။ ထိုအမှုအား အကြမ်းဖက်မှုနှင့် ဆက်နွယ်သော အမှုအဖြစ် မသတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့က‌ ပြောထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here