၀က်ဂနာတပ်ခေါင်းဆောင် ပရီဂိုဇင် ရုရှားသို့ပြန်ရောက်နေပြီဟု ဘီလာရုစ်သမ္မတပြောကြား

0
147

ပြီးခဲ့သည့်လက ရုရှားတွင် ခဏတာပုန်ကန်မှုကို ဦးဆောင်ခဲ့သော ဝက်ဂနာတပ်ဖွဲ့၏ ခေါင်းဆောင် ပရီဂိုဇင်သည် ရုရှားသို့ပြန်ရောက်နေပြီဖြစ်ပြီး မိမိတို့နိုင်ငံနယ်နိမိတ်အတွင်းမရှိတော့ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုကပြောကြားလိုက်သည်။

ပုန်ကန်မှုအပြီးတွင် ပရီဂိုဇင် မည်သည့်နေရာသို့ရောက်နေသည်ဆိုခြင်းမှာ ပဟေဠိဖြစ်ခဲ့သည်။ လူကာရှန်ကို၏ ကြားဝင်ညှိနှိုင်းမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ သူ့ကိုစွဲချက်တင်ပြီး ဘီလာရုစ်နိုင်ငံသို့ ပြောင်းရွှေ့ရန်လည်း ကမ်းလှမ်းခံခဲ့ရပါတယ်။

“ပရီဂိုဇင်အခုဘယ်မှာရှိနေသလဲ ပြောရရင်တော့ သူဟာ စိန့်ပီတာစဘတ်မှာ ရှိတယ်။ သူဟာ ဘီလာရုစ် ပိုင်နက်ထဲမှာ မရှိတော့ပါဘူး”ဟု ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားတို့အနေဖြင့် ပရီဂိုဇင်၏ လှုပ်ရှားမှုများကို လိုက်လံစောင့်ကြည့်မနေကြောင်း ကရင်မ်လင်က လူကာရှန်ကို၏ မှတ်ချက်ကို ပြန်လည်တုန့်ပြန်ပြောကြားခဲ့သည်။

မစ္စတာ လူကာရှန်ကိုသည် ပုန်ကန်မှုအဆုံးသတ်ရန် ကြားဝင် ကူညီညှိနှိုင်းခဲ့ပြီး ပရီဂိုဇင်သည် ဘီလာရုစ်သို့ရောက်ရှိနေကြောင်း လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က ပြောကြားခဲ့သည်။

BBC သတင်းဌာနကမူ ဘီလာရုစ်သို့ ပျံသန်းလာသည့် ပရီဂိုဇင်၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ဇွန်လနှောင်းပိုင်းကတည်းကခြေရာခံခဲ့ရာ ယင်းလေယာဉ်သည် ထိုနေ့ညနေပိုင်းတွင်ပင် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်းလေယာဉ်သည် စိန့်ပီတာစဘတ်နှင့် မော်စကိုကြားတွင် လေကြောင်းခရီးစဉ်များစွာကို ပြုလုပ်ခဲ့ပြီး လေယာဉ်ပေါ်တွင် ပရီဂိုဇင် လိုက်ပါသွားခြင်း ရှိ၊ မရှိ မသိရပေ။ ပရီဂိုဇင်၏ လက်ရှိတည်နေရာနှင့် ပတ်သက်၍ မစ္စတာ လူကာရှန်ကို၏ ပြောကြားချက်ကိုလည်း BBC မှ အတည်မပြုသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here