Friday, May 30, 2025

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...
HomeInternationalအိန္ဒိယတွင် ရထား ၃စင်းတိုက်ရာ...

အိန္ဒိယတွင် ရထား ၃စင်းတိုက်ရာ လူ ၂၃၀ ကျော်သေဆုံးပြီး ၉၀၀ ကျော်ဒဏ်ရာရ

အိန္ဒိယနိုင်ငံ သြဒိသပြည်နယ်အရှေ့ပိုင်း ဘာလာဆိုမြို့၌ သောကြာနေ့ညပိုင်းက ခရီးသည်တင်ရထားနှစ်စင်းနှင့် ကုန်ပစ္စည်းရထားတစ်စင်းတို့ တိုက်မိရာ လူ ၂၃၀ ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် ရုပ်အလောင်း ၂၃၃ ခုကို ရှာဖွေတွေ့ရှိထားသည်။

လူပေါင်း ၂၃၃ ဦးထက်မနည်း သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အကြီးအကဲ Pradeep Jena က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ကြီးမားသော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် အဖွဲ့များ အနေဖြင့် သေဆုံးသူ ဦးရေ တိုးလာမည်ဟု မျှော်လင့်ကြောင်း Jena က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပျက်စီးနေသော ရထားတွဲအတွင်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေရန် ကြိုးပမ်းနေသည့် အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများ အင်တာနက်တွင် ပြန့်နှံ့နေသည်။ ဗီဒီယိုမှတ်တမ်းများတွင် ရထားသံလမ်းတစ်လျှောက် မှောက်ကျနေသော ရထားတွဲများနှင့် ပြိုပျက်နေသော ရထားတွဲပေါ်သို့ တက်နေကြသူများကိုလည်း တွေ့မြင်ရသည်။

သောကြာနေ့ညက ကယ်ဆယ်ရေးလုပ်ငန်းများတွင် အရေးပေါ်လူနာတင်ယာဉ် ၁၁၅ စီးနှင့် မီးသတ်တပ်ဖွဲဝင့်အများအပြား ပါဝင်ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

ထို့အပြင် သွေးလိုအပ်မှုလည်းရှိနေကြောင်း၊ လောလောဆယ်တွင် လက်ကျန်ရှိနေသည့် သွေးယူနစ် ၉၀၀နှင့်အတူ လှူဒါန်းသူများထံမှ တစ်ညလုံး စုဆောင်းထားသည့် သွေးယူနစ် ၅၀၀ ခန့်ရှိကြောင်း ပြည်နယ် အကြီးအကဲ Pradeep Jena က Twitter တွင် ရေးသားခဲ့သည်။

“ဒါက မတော်တဆ ထိခိုက်ဒဏ်ရာရသူတွေကို ကုသရာမှာ အထောက်အကူဖြစ်စေမှာပါ။ မွန်မြတ်တဲ့ရည်ရွယ်ချက်အတွက် သွေးလှူဒါန်းပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိပါတယ်” ဟု သူက ရေးသားခဲ့သည်။

သေဆုံး ဒဏ်ရာရသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူတို့ကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လက ခရီးသွားဧည့်သည် (၁၆,၁၅၅) ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀)ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071