မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁) ဦး စိတ်ကျန်းမာရေးချို့ယွင်းကာ မိမိကိုယ်ကိုအဆုံးစီရင်

0
129

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁) ဦးသည် စိတ်ကျမ်းမာရေး ချို့ယွင်းကာ ယမန်နေ့ မေ (၂၅) ရက်က မိမိကိုယ်ကိုဓားဖြင့်ထိုး၍ အဆုံးစီရင်ကာ သေဆုံးသွားကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

မြန်မာနိုင်ငံသား ကိုသန်းနိုင်ထွန်း(၂၆)နှစ်သည် ကွာလာလမ်ပူမြို့၊ ဘလက်ကောင်းတွင် နေထိုင်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စိတ်ကျန်းမာရေးအနည်းငယ် ချို့ယွင်းကာ အခင်းဖြစ်နေ့က မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအား စစ်ဆေးကြည့်ရာမှ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ကိုသန်းနိုင်ထွန်း၏ ရုပ်အလောင်းအား မေ (၂၈) ရက် နံနက် (၁၀) နာရီ၌ ကွာလာလမ်ပူမြို့ရှိ ဂျလန်ကွာလီသုဿန်တွင် မီးသဂြိုလ်သွားမည်ဖြစ်ကြော င်းလည်း သိရသည်။

သေဆုံးသူ ကိုသန်းနိုင်သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၌ နေထိုင်သူဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here