လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် JICA ချေးငွေ ကျပ် ၁ ဒဿမ ၅ ဘီလီယံ ထုတ်ချေးမည်

0
137

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၃) မြို့နယ်ရှိ တောင်သူများကို လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန်အတွက် JICA(Two Step Loan) ချေးငွေအနေဖြင့် ကျပ်ငွေ ၁ ဒဿမ ၅ ဘီလီယံကို ယခုဘဏ္ဍာနှစ်အတွင်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ယခုထုတ်ချေးမည့် ချေးငွေသည် လယ်ယာသုံးစက် ကိရိယာများဖြစ်သည့် လယ်ထွန်စက်အကြီး၊ ထော်လာဂျီ၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများအနေဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်ဖြစ်ကြောင်း သိရသည်။

“ လက်မှုလယ်ယာကနေ စက်မှုလယ်ယာ စနစ်အသွင်ကူးပြောင်းဖို မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်နဲ့ JICA တို့ ပူးပေါင်းပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေပါတယ်။ ချေးငွေကို အခုဘဏ္ဍာနှစ်ထဲ အတိုးနှုန်း သက်သာစွာနဲ့ ချေးပေးသွားမှာပါ။ တောင်သူတစ်ဦးကို ကျပ်သိန်း ၇၀၀ ထိ ခွင့်ပြုထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။

အစိုးရအနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထုတ်ချေးပေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကျေပေးဆပ်ထားသည့် တောင်သူများကို ယခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၈၉ ဒသမ ၉၆ ဘီလီယံထုတ်ချေးသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here