ယူကရိန်းသည် အမေရိကန်လက်နက်များကို ရုရှားပိုင်နက်သို့ပစ်ခတ်ရာ၌ မသုံးသင့်–အမေရိကန်ဗိုလ်ချုပ်ကြီး

0
312

ရုရှားက ယူကရိန်းသည် ၎င်းတို့ပိုင်နက်အတွင်းသို့ပစ်ခတ်တိုက်ခိုက်မှုများ၌ အမေရိကန်ထုတ်လက်နက်များကိုအသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့သဖြင့် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ယူကရိန်းအနေဖြင့် ရုရှားပိုင်နက်အတွင်းသို့ အမေရိကန်လက်နက်များဖြင့်မတိုက်ခိုက်သင့်ကြောင်းပြောကြားခဲ့သည်။

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ၎င်း၏ရုံးသည် ရုရှားနိုင်ငံဘဲလ်ဂ‌ရော့ဘ်ဒေသရှိ ပြည်သူ့စစ်များ၏ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှု၌အသုံးပြုသည့် မော်တော်ယာဉ်များနှင့်စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းများ၏ လူမှုကွန်ရက်မှပုံများကိုစုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။

ကိဗ်၏တပ်ဖွဲ့များသည် ဘဲလ်ဂ‌ရော့ဘ်ဒေသတွင်နေထိုင်သူတစ်ဦးကိုသတ်ခဲ့ကြောင်း ရုရှားကပြောကြားခဲ့ကာ နောင်လာမည့်ကျုးကျော်မှုများအားလုံးကို ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟုလည်းကိဗ်အားခြိမ်းခြောက်ပြောကြားခဲ့သည်။

သို့သော်ဘယ်လ်ဂရော့က်ုစီးနင်းတိုက်ခိုက်မှု၌ ပါဝင်ပတ်သက်မှုမရှိကြောင်း ယူကရိန်းအစိုးရကငြင်းဆိုထားပြီး ၎င်းတို့သည် ပူတင်အပါအဝင် ရုရှားသို့တိုက်ခိုက်မှုများမလုပ်ဘဲ ၎င်းတို့၏ပိုင်နက်ကိုကာကွယ်နေခြင်းသာဖြစ်သည်ဟုဆိုခဲ့သည်။

အမေရိကန်ဗိုလ်ချုပ်ကြီးကမူ ယခုစစ်ပွဲသည် ရုရှားနှင့်အမေရိကတို့၏စစ်မဟုတ်သကဲ့သို့ နေတိုးနှင့်ရုရှားတို့၏စစ်ပွဲလဲမဟုတ်သဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်မှုမျိုးမလုပ်လိုသောကြောင့် အမေရိကန်လက်နက်များဖြင့် ရုရှားပိုင်နက်အတွင်းအသုံးမပြုသင့်ကြောင်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here