ကမ္ဘောဒီးယားမှမြန်မာသို့ ကိုဗစ်ကာကွယ်ဆေးအလုံးရေတစ်သန်းလှူဒါန်းမည်ဟုဆို

0
125

ဖနွမ်းပင်၊မေ ၂၅

မြန်မာနိုင်ငံအား ကိုဗစ်ကာကွယ်ဆေးအလုံးရေတစ်သန်း လှူဒါန်းသွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က ကြေငြာခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသူ အရေအတွက် တိုးမြင့်လာခြင်းကြောင့် ကျန်းမာ‌ရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ရေး အစီအမံများကို မေလ ၃၁ ရက်နေ့အထိသက်တမ်းတိုးလိုက်သည်ဟုလည်းသိရသည်။

က‌မ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံသို့ကာကွယ်ဆေးသာမက ဆေးထိုးပြွန်တစ်သန်းကိုလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနအတွင်းဝန် Youk Sambath က ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရောဂါကူးစက်ခံရသူ အရေအတွက်အများဆုံးဖြစ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ကမ္ဘောဒီးယားအစိုးရသည် မြန်မာနိုင်ငံအား ကိုဗစ်တိုက်ဖျက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ၂၀၂၀ ပြည့်နှစ်မှစ၍ သုံးကြိမ်တိုင်တိုင်ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ကမ္ဘောဒီးယားသည် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံအပြင် လာအို၊ဗီယက်နမ်နှင့် တီမောလက်စ်တီကဲ့သို့သော နိုင်ငံအများအပြားသို့လည်း ကာကွယ်ဆေးများထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ကမ္ဘောဒီးယားအစိုးရသည် လာအို၊မြန်မာ၊ဗီယက်နမ်၊တီမောလက်စ််တီနှင့် နီပေါတို့အား ငွေသား၊နှာခေါင်းစည်းများနှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့များကိုပါပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံသည် နှာခေါင်းစည်းသုံးသန်းကျော်၊N – 95 နှာခေါင်းစည်းနှစ်သိန်း၊မျက်မှန်အလက်‌ရေတစ်သိန်း၊ဘေးကင်းမျက်မှန်သုံးသောင်းနှင့် အလိုအလျောက်အောက်ဆီဂျင်စက် ၅၀ ကိုလည်း မြန်မာနိုင်ငံသို့လှူဒါန်းခဲ့ဖူးသေးသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here