စစ်တွေမြို့တွင် ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လမ်းမီးများဖြန့်ဖြူးပေးခဲ့

0
141

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ လမ်းမီးများအား မေ ၂၅ ရက်ညပိုင်းမှစတင်ကာ ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လမ်းမီးများဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားပေးတိုင်များအနက် ပြင်ဆင်ပြီးဖြစ်သည့် မေယုလမ်းမကြီးတစ်လျှောက် ကားကြီးဝန်းအနီးမှမီးစက်ကြီးအဝိုင်းနှင့်မီးစက်ကြီးအဝိုင်းမှနာရီစင်အထိ၊လမ်း မကြီးလမ်းတစ်လျှောက် နာရီစင်မှဘီလူးမချောင်းတံတားနှင့်ဘီလူးမချောင်းတံတားမှဆတ်ရိုးကျတံတားလမ်းအထိတို့အား ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၊လျှပ်စစ်ပးအားသွင်းအသုံးပြုရသည့်ပစ္စည်းများ လျှပ်စစ်အားသွင်းနိုင်ရန် ကားကြီးဝန်း၊မီးစက်ကြီးအဝိုင်း၊ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၊ယဉ်ကျေးမှုပြတိုက်၊ဘီလူးမတံတားထိပ်နေရာတို့တွင် Charging Point နေရာ ၅ ခုအား တာဝန်ရှိသူများက ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊စစ်တွေခရိုင်၊မောင်တောခရိုင်၊မြောက်ဦးခရိုင်တို့မှ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၁၁/ဝ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ၂၃၀ ကေဗွီ အမ်း-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအ ပါဝင် ၆၆ ကေဗွီ စစ်တွေ၊ကျောက်တော်၊မင်းပြား၊ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောဓာတ် အားလိုင်းများနှင့် ၃၃ ကေဗွီ မြေပုံ၊ပေါက်တော ဓာတ်အားလိုင်းများ ပျက်စီးကာဓာတ်အားပြတ်တောက်ခဲ့သည်။

ထို့ကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပျက် စီးမှုများဖြစ်ခဲ့သော ဓာတ်အားလိုင်းနှင့်ဓာတ် အားခွဲရုံများ အချိန်မီပြင်ဆင်နိုင်ရန် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ့ (လူအင်အား ၅၆၇ ဦး၊ယာဉ်ယန္တရား ၆၂ စီး)၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အဖွဲ့ ၁၄ ဖွဲ့ (လူအင်အား ၅၃၆ ဦး၊ယာဉ်ယန္တရား ၄၉ စီး)တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here