Monday, May 26, 2025

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့်...

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့်...

လွှတ်တော်အဆောက်အဦများပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့်...
HomeNewsLocal Newsမုန်တိုင်းဒဏ်သင့်ဒေသတွင် CNPC ကုမ္ပဏီက...

မုန်တိုင်းဒဏ်သင့်ဒေသတွင် CNPC ကုမ္ပဏီက အထောက်အကူပစ္စည်းများ လှူဒါန်းပြီး၊ ပြန်လည်ပြုပြင်မွမ်းမံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ မုန်တိုင်းဒဏ်သင့် စာသင်ကျောင်းနှင့် ဆေးပေးခန်းအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများကို CNPC ကုမ္ပဏီက လှူဒါန်းခဲ့ပြီး၊ ပျက်စီးနေသည်တို့ကို ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထိုသို့လှူဒါန်းခဲ့ရာတွင် မေလ၂၄ရက်နေ့၌ ဆန်၊ ဆီ၊ မိုးကာအင်္ကျီ၊ မိုးကာဖိနပ်၊ ထီးများနှင့် အရေးပေါ်မီးသီးများ အစရှိသည့် ပစ္စည်းများကိုဆေးခန်းနှင့် စာသင်ကျောင်းတို့မှ တာဝန်ရှိသူများထံသို့ CNPC ကုမ္ပဏီ၏ Made Island Operation Center က လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကို ပြုပြင်ရန်အတွက် ကုမ္ပဏီမှ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် တတ်နိုင်သမျှ ဆက်လက်ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ ပုံမှန်အတိုင်းသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် ဆုတောင်းပေးလျှက်ရှိကြောင်း ကုမ္ပဏီမှ ပြောသည်။

မေလ၁၄ရက်နေ့ နေ့လယ်ခန့်မှစတင်၍ အင်အား အလွန့်အလွန်ကောင်းသော စူပါဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ စသည့်ဒေသများသို့ တိုက်ခတ်ခဲ့သည်။ မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၀၉ ကီလိုမီတာမှ ၂၂၀ ကီလိုမီတာအထိရှိခဲ့သဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများတွင် ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်ထိ CNPC ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၈၈၂သန်းကို အသုံးပြုကာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေးစသည့် ကဏ္ဍများတွင် လူမှုအကျိုးပြုလုပ်ငန်းပေါင်း ၃၃၄ ခု အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ပြည်နယ်တစ်ခုထဲတွင်ပင် လူမှုအကျိုးပြုလုပ်ငန်းပေါင်း ၁၁၂ ခု ဆောင်ရွက်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးဒဏ်သင့်ဒေသခံများအတွက် အလှူငွေနှင့် ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၂၄ ခုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ခန့် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိ

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး "တို့တာဝန်အရေးသုံးပါး"အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။ ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။ ထို့အတူ ဒေသတွင်းနှင့်...

စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲ့နှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုစ နစ်ကိုလျှောက်လှမ်းနေကြခြင်းဖြစ်၍ နိုင်ငံတွင်းမှီတင်းနေထိုင်သည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟု ပြောသည်။ ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့်...

မွေထိုင်း ချန်ပီယံကို ပထမအချီတွင်ပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည့် ရာမာန်

ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071