Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeInternationalအဓမ္မကျင့်သူကို သတ်သည့် မက္ကဆီကို...

အဓမ္မကျင့်သူကို သတ်သည့် မက္ကဆီကို အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

မက္ကဆီကို နိုင်ငံရှိ တရားရုံးတစ်ခုသည် ၄င်းကို အဓမ္မကျင့်သူအား သတ်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ဥပဒေအရ ခုခံပိုင်ခွင့် ကို အလွန်အကျွံ အသုံးပြုမှုဖြင့် မေလ ၁၅ ရက် တနင်္လာနေ့တွင် ထောင်ဒဏ် ၆ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းသည် ကြားရသူအပေါင်းကို အလွန်အမင်းဒေါသထွက်စေပြီး နိုင်ငံတကာ သတင်းစာများ၏ ခေါင်းကြီးပိုင်းများတွင် တစ်ပတ်လုံးလုံး ဖော်ပြခံနေရသည်။

ထိုအမျိုးသမီး၏ အမည်မှာ ရိုဇာနာ ရူအိ့စ် ဖြစ်ပြီး မက္ကဆီနိုင်ငံ၊ နိတ်ဇာဟွာကိုယိုတို မြို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် တစ်ခုလပ် မိခင်တစ်ဦးဖြစ်သည်။

ဖြစ်စဉ်မှာ ရူအိ့စ် သည် ၂၀၂၁ ခုနှစ်၊ မေလတွင် အာလူးကြော်ရောင်းသည့် အလုပ်မှ အပြန်၌ သူငယ်ချင်းတစ်ဦးနှင့်အတူ ဘီယာသောက်ထွက်ခဲ့သည်။ ထိုစဉ် သူနေထိုင်သည့် ရပ်ကွက်တစ်ဝိုက်မှ တွေ့ဖူးနေကြ အမျိုးသားတစ်ဦးနှင့် ဆုံခဲ့ပြီး ဘီယာအတူ သောက်ဖြစ်ခဲ့ကြသည်။ ထို့နောက် အဆိုပါအမျိုးသားသည် ရူအိ့စ် အား အိမ်ပြန်ပို့ပေးခဲ့ပြီး ညဉ့်နက်နေပြီဖြစ်သောကြောင့် တစ်ညလောက် တည်းခိုခွင့်ပြုရန် ခွင့်တောင်းခဲ့သည်။

အိပ်ခွင့်ရပြီးနောက် ထိုလူသည် ညသန်းခေါင်အရောက်တွင် ရူအိ့စ် ၏ အိပ်ရာပေါ်သို့ ခိုးဝင်လာပြီး ရိုက်နှက်ကာ အဓမ္မကျင့်ခဲ့သည်။ ရူအိ့စ် သည်လည်း ပြန်လည်ခုခံရင်း ထိုလူအား အင်္ကျီဖြင့် လည်ပင်းညစ်ကာ သတ်မိသွားသည်။ ထို့နောက် ကြောက်ကြောက်လန့်လန့်ဖြင့် အလောင်းအား အိတ်ထဲထည့်၍ လမ်းပေါ်သို့ တရွတ်တိုက် ဆွဲသွားချိန် ရဲများက တွေ့ရှိသွားသဖြင့် အဖမ်းခံခဲ့ရသည်။

“ကျွန်မ လုပ်ခဲ့တာအတွက် နောင်တရပါတယ်။ ဒါပေမယ့် အဲလိုတာ မလုပ်ခဲ့ရင် အခုအချိန်အထိ အသက်ရှင်လျက် ရှိနေမှာ မဟုတ်ပါဘူး” ရူအိ့စ် က အေပီ သတင်းဌာနသို့ ပြောခဲ့သည်။

ရူအိ့စ် သည် လူသတ်မှုဖြင့် ထောင်တွင် ကိုးလကြာ နေခဲ့ရပြီး တနင်္လာနေ့၌ တရားစီရင်ခံခဲ့ရာ ထောင်ဒဏ် ၆ နှစ်အပြင် အဓမ္မကျင့်သူ၏ မိသားစုအား လျော်ကြေးငွေအဖြစ် ဒေါ်လာ ၁၆,၀၀၀ ပေးဆောင်ခဲ့ရသည်။ ရူအိ့စ် ၏ ရှေ့နေကမူ ထိုစီရင်ချက်သည် တရားမျှတမှုမရှိဟု ဆိုကာ အယူခံဝင်သွားမည်ဟု ကတိပြုခဲ့သည်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071