ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအတွက် NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံဆွေးနွေး

0
92

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ (NSPNC)နှင့်“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ မတ် ၂၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့ကိုယ်စား “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ဒေသဖွံ့ဖြိုးရေး၊ဒေသတည်ငြိမ်ရေး၊ရွေးကောက်ပွဲ ကျင်းပရေး၊ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးတို့အား ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်ဆွေးနွေးချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒု-ဥက္ကဋ္ဌဦးလော့ယာကု၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုကော်မတီဝင်
စဝ်ဆေပိုင်ဖနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် မတ် ၂၃ ရက်(ယနေ့)တွင် NSPNC နှင့်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here