ဂျာမနီမှာ ဂယက်ထခဲ့တဲ့ ၁၂ နှစ်အရွယ်ကလေးမကို ကျောင်းနေဖက်နှစ်ဦး ဓားနဲ့ ထိုးသတ်မှု

0
234

ဂျာမနီနိုင်ငံမှာ မကြာသေးမီကမှ ဂယက်ထသွားတဲ့ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးမလေးကို ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကျောင်းသူနှစ်ဦးက ဓားနဲ့အချက် ၃၀ ထက်မက ထိုးသတ်ခဲ့တာပါ။

သေဆုံးသူမှာ လူအီဆဲ ဖရစ်ချ် ဖြစ်ပြီး တရားခံနှစ်ဦးနဲ့ နာမည်တွေကိုတော့ မကျေနပ်သူတွေ လာရောက်အန္တရာယ်ပြုမှာစိုးလို့ မဖော်ပြခိုင်းထားပါဘူး။ တရားခံနှစ်ယောက်စလုံးဟာ လူစီနဲ့ ကျောင်းနေဖက်တွေဖြစ်ပြီး ၁၃ နှစ်အရွယ် ကလေးမကတော့ လူအီဆဲရဲ့ အခန်းဖော်ဖြစ်ပါတယ်။

လူအီဆဲ ဟာ မတ်လ ၁၁ ရက်နေ့မှာ ဖွိုင်ဒင်ဘတ်မြို့နားမှာရှိတဲ့ ၁၃ နှစ်အရွယ် တရားခံရဲ့ အိမ်ကို သွားလည်ရာကနေ ပျောက်ဆုံးသွားတာပါ။ အလောင်းကိုတော့ နောက်တစ်နေ့မှာ လူအီဆဲ အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်ထဲကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

တရားခံနှစ်ဦးဟာ လူအီဆဲကို သူတို့သတ်တယ်ဆိုပြီး ဝန်ခံခဲ့တယ်လို့ ရဲတွေက ပြောလာပါတယ်။ လူသတ်မှုမဖြစ်ခင် သူတို့ကြားမှာ စကားများရန်ဖြစ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဂျာမန်သတင်းစာ ဘစ်ဒ်ရဲ့ ဖော်ပြချက်အရ လူအီဆဲက တရားခံနှစ်ဦးဟာ သူ့ကို အနိုင်ကျင့်ပါတယ်ဆိုပြီး ဆရာမဆီ တိုင်တာကို လက်စားချေတဲ့ အနေနဲ့ လုပ်ခဲ့တာလို့ သိရပါတယ်။ တရားခံနှစ်ယောက်ထဲက တစ်ယောက်ဟာ လူသတ်မှုဖြစ်ပြီးတဲ့ နောက်တစ်နေ့မှာ Tiktok ပေါ် မှာ ကပြတဲ့ ဗီဒီယိုတင်ခဲ့တယ်ဆိုပြီးလည်း ပြောနေကြပါတယ်။

ဒီလို တရားခံပေါ်လာပေမယ့် ဂျာမနီရဲ့ ဥပဒေအရ အသက် ၁၄ နှစ်အောက် ကလေးတွေကို တရားစွဲပြီး အပြစ်ပေးလို့ မရပါဘူး။ ဒါကြောင့် ဒေါသပုန်ထနေတဲ့ ဂျာမန်ပြည်သူတွေဟာ တရားမျှတမှုရဖို့အတွက် ဥပဒေပြောင်းလဲဖို့အထိ ကြိုးစားနေပါတယ်။ အခုလက်ရှိ ဥပဒေပြောင်းလဲရေး‌ လျှောက်လွှာမှာ လက်မှတ်ထိုးထားသူ တစ်သိန်းခွဲခန့် ရှိနေပါပြီ။

အွန်လိုင်းပေါ်မှာ သတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတဲ့အတွက် တရားခံနှစ်ဦးဟာ သူတို့နေအိမ်ကနေ ပြောင်းရွှေ့နေရတယ်လို့လည်း သိရပါတယ်။

Source: NzHearld


LEAVE A REPLY

Please enter your comment!
Please enter your name here