အကယ်ဒမီဆုပေးပွဲအတွက် တစ်နှစ်စီအလိုက် ရွှေကြိုမောင်၊မယ်များ ရွေးချယ်မည်

0
240

၂၀၁၉၊၂၀၂၀၊၂၀၂၂ ခုနှစ် တစ်နှစ်စီ အလိုက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် အကယ်ဒမီ ရွှေကြို မောင်၊မယ် များကိုတစ်နှစ်စီ အလိုက်ရွေးချယ် ခေါ်ယူမှာဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ သိရသည်။

၃နှစ်စာ တစ်ပေါင်းတည်းကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် အကယ်ဒမီရွှေကြိုမောင်၊မယ် များ ရွေးချယ်ရာတွင် ၂၀၁၉ခုနှစ် မှ ရွေးချယ်ထားသော ရွှေကြိုမောင်၊မယ် ၂၁ဦး က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို မတ်လ၂၀ရက်နေ့ထိ နောက်ဆုံးထားဆက်သွယ်ရမှာဖြစ်ပြီး ဆက်လက်ပါဝင်လိုခြင်းရှိမရှိသဘောထား ဆန္ဒတောင်းခံခြင်း၊ ပြန်လည်ပါဝင်မည့်သူများကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ စံချိန်စံညွှန်းများနဲ့ကိုက်ညီမှုရှိမရှိစီစစ်ပြီး ခေါ်ယူသွားမှာဖြစ်ကြောင်းသိရသည်။

၂၀၂၀၊၂၀၂၂ခုနှစ် ရွှေကြိုမောင်၊မယ် အဖြစ်ပါဝင်လိုသော မျိုးဆက်သစ်များမှလည်း မတ်လ၂၄ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရမည်ဖြစ်ကြောင်းလည် ကြော်ငြာချက်မှာပါရှိထားသည်။

၃နှစ်စာအတွက် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို လာမည့် မေလ ၆ရက်နေ့ မှာကျင်းပမှာဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here