Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး...

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ...

အငြင်းပွားနယ်စပ်တွင်ထိုင်းနှင့်ကမ္ဘောဒီးယား အပြန်အလှန်ပ-စ်ခ-တ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘုံရတ်ချာဌာနီပြည်နယ်၏ အငြင်းပွား နယ်စပ်ဧရိယာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်သားများသည် ဗုဒ္ဒဟူးနေ့နံနက်ပိုင်းက ခဏမျှအပြန်အလှန်ပ-စ်ခ-တ်ခဲ့သည်။ ဖြစ်စဉ်တွင် ထိခိုက်‌ေ-သကြေမှု မရှိခဲ့ဟု ဆိုသည်။ နံနက်...
HomeNewsLocal Newsဗန်းမော်တွင် အကူညီတောင်းသူကို ဆိုင်ကယ်ဖြင့်...

ဗန်းမော်တွင် အကူညီတောင်းသူကို ဆိုင်ကယ်ဖြင့် လိုက် ပို့ရာမှ ပျောက်ဆုံးသွားသည့် (၁၃) နှစ်အရွယ်ကလေးတစ်ဦး (၁၀) ရက်ကျော်ကြာသည်အထိ ရှာမတွေ့သေး

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ ၊ စင့်ကင်ကျေးရွာတွင် အ သက် (၁၃) နှစ်အရွယ် ယောက်ျား‌ငယ်တစ်ဦးသည် အကူညီလာရောက်တောင်းခံသူအား မော်တော်ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးရာမှ ပျောက်ဆုံးသွားခဲ့ရာ (၁၀) ရ က်ကျော်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၂) ရက်တွင် စင့်ကင်ရွာနှင့် ရွာနီးချုပ်စပ်ဖြစ်သည့် ငှက်ပျောတောရွာတွင်နေထိုင်သ ည့် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်ပို့ရန် အကူညီတောင်းခံသဖြင့် မိခင်ဖြစ်သူမှ လို က်ပို့ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသည့် မောင်ရဲ ရင့်ထွန်း၏ အစ်မဖြစ်သူက ပေါ်ပြူလာနယူ(စ်) သို့ ရှင်းပြသည်။

” မတွေ့သေးဘူးရှင့် ။ အခုချိန်ထိ ဘာသတင်းမှ မရသေးဘူး ။ ဒီနေ့ဆို (၁၁) ရက်လောက်ရှိပြီ ။ သတင်းဘာမှ မရဘူး။ ရဲစခန်းကိုတော့ အကြောင်းကြားထားတယ်။ ဒါပေမဲ့ ဘာမှတော့ မကြားသေးဘူး ။ စပျောက်တာကတော့ အဲဒီ ခေါ်သွားတဲ့သူကအကူညီလာတောင်းတာ။ငှက်ပျောတော ရွာကို လိုက်ပို့ခိုင်းတာ။အမေတို့ကလည်း သူ့မှာဆိုင်ကယ် မပါဘူးဆိုတော့ ရွာနဲ့ နီးနီးလေးပဲဆိုပြီး လိုက်ပို့ခိုင်းလိုက်တာ ” ဟု မောင်ရဲရင့်ထွန်း၏ အစ်မဖြစ်သူက ပြောသည်။

မောင်ရဲရင့်ထွန်းသည် အခင်းဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ရှပ်အင်္ကျီအကွပ် လက်ရှည်နှင့် ဘောလုံးဘောင်ဘီးအတို ဝတ်ထားကာ ရင်ဇင်းအမှတ်တံဆိပ် 125 အမျိုးအစားဆိုင်ကယ်ဖြင့် အသက်(၄၀) အရွယ်အမျိုးသားအား ငှက် ပျောတောကျေးရွာသို့ လိုက်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ မောင်ရဲရင့်ထွန်း ပျောက်ဆုံးမှုနှင့် ပ တ်သက်၍ ဗန်းမော်မြို့နယ်အတွင်း လိုက်လံစုံစမ်းရှာဖွေမှုများ လုပ်ဆောင်နေသော်လည်း ထူးခြားသည့် သတင်းအစအနပင် မရသေးကြောင်းလည်း မိသားစုဝင်များ ထံ မှ သိရသည်။

ပျောက်ဆုံးနေသည့် မောင်ရဲရင့်ထွန်းသည် အနေအထိုင်အေးပြီး မိတ်ဆွေအပေါင်းအသင်းလည်း များများစားစာမရှိကြောင်း ၎င်း၏ မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် မောင်ရဲရင့်ထွန်း ပျောက်ဆုံးမှုနှင့် ပတ်သက် ၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး တွေ့ရှိသူများအနေဖြင့် တယ်လီဖုန်း နံပါတ် ၀၉၄ ၄၅၁၅၄၂၉၆ သို့ ဆက်သွယ်အကြောင်းကြားပေးကြရန်လည်း မိသားစုဝင်များက အကူညီတောင်းခံထားသည်။

ယခုရက်ပိုင်းများအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်အပါအဝင် နေရာအချို့တွင် ဆယ်ကျော်သက်အ ရွယ် ကလေးငယ်ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်နေပြီး အချို့မှာ ပြန်လည်တွေ့ရှိခဲ့သော်လည်း အချို့မှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် ၅ ဦး‌ေ-သဆုံးပြီး ၆ ဦးပျေ-ာက်ဆုံးနေ

ချီနန်၊မေ ၂၇ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခု၌ အင်္ဂါနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး‌ေ-သဆုံးပြီး ခြောက်ဦးပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုကပြောကြားခဲ့သည်။ Shandong Youdao Chemical Co., Ltd. ၏အလုပ်ရုံတွင်ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ လူ ၁၉ ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း ဗျူရိုကပြောကြားခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များသည် ပျေ-ာက်ဆုံးသူများအားရှာဖွေခြင်း၊ ဒဏ်ရာရသူများကိုကုသပေးခြင်း၊ မိသားစုများအား နှစ်သိမ့်ပေးခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေစောင့်ကြည့်ခြင်းတို့ကို အာရုံစိုက်လုပ်ဆောင်ရန် ပူးတွဲကယ်ဆယ်ရေး ကွပ်ကဲမှုဗဟိုဌာနကိုထူထောင်ထားသည်။ လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်းသိရသည်။ မီးလေ-ာင်မှုသတင်းရရှိပြီးနောက် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်...

ရုရှားနှင့်အမေရိကတို့ အကျဉ်းသားလဲလှယ်ရေးထပ်မံလုပ်ဆောင်နေ

မော်စကို၊မေ ၂၇ မော်စကိုနှင့်ဝါရှင်တန်တို့သည် ယခင်ကသဘောတူညီထားသည့် အကျဉ်းသားလဲလှယ်ရေး ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလား‌ရော့ဗ်ကပြောကြားခဲ့သည်။ မော်စကို‌၌ တုကီယေးနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မစ္စတာလားရော့ဗ်က ရုရှားသမ္မတနှင့် အ‌မေရိကန်သမ္မတတို့၏ တယ်လီဖုန်းဖြင့်နောက်ဆုံး‌ပြောဆိုစဉ် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြောင်းကိုလည်း သူက အတည်ပြုပြောကြားခဲ့သည်။ "အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်ပြီးညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟုလည်း၎င်းက ပြောကြားခဲ့သည်။ မေလ ၁၉ ရက် နေ့က တယ်လီဖုန်းဖြင့်ပြောဆိုရာ၌ ရုရှားသမ္မတပူတင်နှင့်အ‌မေရိကန်သမ္မတတို့သည် နှစ်ဖက်လုံးမှလူကိုးဦးပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးကိုပါ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ ရုရှားနှင့်အမေရိကတို့သည် အဘူဒါဘီတွင် ဧပြီလ ၁၀ ရက်‌နေ့က ၎င်းတို့၏ နောက်ဆုံးအကျဉ်းသား လဲလှယ်မှုကို ပြုလုပ်ခဲ့ကြသည်။ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကူညီဆောင်ရွက်ပေးသည့်အဆိုပါလဲလှယ်မှုတွင်...

မက်ခရွန်နှင့်ပရာဘိုဝို မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ဆွေးနွေးကြမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်သည် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် မြို့တော်ဂျကာတာ၌ တွေ့ဆုံမည်ဖြစ်ကာ အရှေ့တောင်အာရှရှိ ပါရီ၏ အကြီးဆုံးလက်နက်ဖေ-ာက်သည်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိစ္စသည် ဆွေးနွေးမည့်အစီအစဉ်တစ်ရပ်ဖြစ်ဖွယ်ရှိသည်။ မက်ခရွန်သည် ဒေသတွင်းခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်ရှိခြင်းဖြစ်ပြီး ဗီယက်နမ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်များကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။ သူသည်ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့် လက်ရှိမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆွေးနွေးမည့် နယ်ပယ်များနှင့်ပတ်သက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071