လေဆိပ်တွင်ခရီးသည်ကျပ်မည့်ရာသီ​ရောက်​တော့မည်ဖြစ်၍ အချိန်လုံ​လောက်ရန်​​လေဆိပ်သို့စောလာကြဖို့ ထိုင်းတွင်နိုး​ဆော်ထား

0
1421

သုဝဏ္ဏဘူမိလေဆိပ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “လာမည့်ရုံးပိတ်ရက်ရှည်များအတွင်း နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး ၃ နာရီနှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး ၂ နာရီအလိုတွင်လေဆိပ်သို့ အရောက် လာကြပါရန်” မေတ္တာရပ်ခံထားသည်။

အသေးစိတ်သိရှိလိုပါက AOT Contact Center 1722 သို့ ၂၄ နာရီဖုန်းခေါ်ဆိုနိုင်သည်ဟုသိရသည်။

ချင်းမိုင်လေဆိပ်သည်လည်း ကူမင်း-ချင်းမိုင် လမ်းကြောင်းသစ်ကို မတ်လနှောင်းပိုင်းတွင် ဖွင့်လှစ်​တော့မည်ဖြစ်သည်။ယခုကတည်းပင် ချင်းမိုင်​လေဆိပ် ဆိုက်​ရောက်ခရီးသည်များ ပိုမိုတိုးလာ​နေသည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here