Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal Newsဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် လယ်သမားလူထုကြီးနှင့်အတူရပ်တည်သွားမည့် USDP...

ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် လယ်သမားလူထုကြီးနှင့်အတူရပ်တည်သွားမည့် USDP ပါတီ၏ တောင်သူလယ်သမားနေ့ဂုဏ်ပြုသဝဏ်လွှာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မတ် ၂ ရက်(ယနေ့)တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့သို့ ဂုဏ်ပြုသဝဏ်လွှာရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော(Agrobased Country) နိုင်ငံဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံဖြစ်​ကြောင်း

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝကပေးထားသည့် မြေသယံဇာတ၊ရေသယံဇာတ၊မျှတသည့် ရာသီဥတုအခြေအနေကောင်းများနှင့် ဝိရိယရှိစွာကြိုးစားလုပ်ကိုင်နေကြသည့် လူသားအရင်းအမြစ်များကို ရရှိပိုင်ဆိုင်ထား​ကြောင်း

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားရေးဘဝ သိသာထင်ရှားစွာပြောင်းလဲတိုးတက်လာစေရေးအတွက် ဖြည့်ဆည်းပြုပြင်ကူညီပေးရန်လိုအပ်နေဆဲဖြစ်​ကြောင်း

မြန်မာနိုင်ငံအနေဖြင့် “G-A-P” စနစ်ဖြစ်သည့် (G) “Government Policy, Guideline, Drive, Support အစိုးရ၏ တိကျခိုင်မာသော မူဝါဒ၊လမ်းညွှန်ချက်၊တွန်းအားထောက်ပံ့ကူညီမှု”၊(A)“ Assistance, Financial Assistance, Technical Assistance ငွေရေးကြေးရေးအကူအညီ၊ နည်းပညာအကူအညီ”၊ (P)“People, People Participation, People Cooperation ပြည်သူလူထု၏ တစ်ခဲ နက်ပါဝင်ခြင်း၊ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း” ၃ ချက် ဟန်ချက်ညီရန်အထူးအရေးကြီး​ကြောင်း

လယ်ယာလုပ်သားရှားပါးလာခြင်း၊လယ်ယာထွက်ကုန်များအထွက်နှုန်းကျဆင်းခြင်းတို့မှာ တောင်သူ လယ်သမားမိသားစုများမှ လူငယ်လူရွယ်အချို့သည် မိရိုးဖလာတောင်သူလယ်သမားဘဝ အမွေဆက်ခံလုပ်ကိုင်ရန် စိတ်ဝင်စားမှုနည်းလာကာ အခြားစီးပွားရေးလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြ၍ဖြစ်သည်ကို တွေ့ရှိရ​ကြောင်း

ထို့ကြောင့် “G-A-P” စနစ်ကို အချိုးညီညီကျင့်သုံးခြင်း၊မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊သီးထပ်၊သီးညှပ်များ စိုက်ပျိုးခြင်း၊တတ်နိုင်သမျှ ခေတ်မီစက်မှု လယ်ယာကဏ္ဍ နည်းပညာများအသုံးပြု၍ ပြည်တွင်းသာမက ပြည်ပအထိပါ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ပေးပို့ရောင်းချခြင်း၊စီးပွားရေးအရ ဆွဲဆောင်မှု(Incentive)ပိုမိုဖန်တီးပေးခြင်းတို့သည်တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်ပြီး လူနေမှုဘဝ တစ်စတစ်စ ပိုမိုမြင့်မားလာမည်ကို ယုံကြည်သည်ဟုလည်း ရေးသားထားသည်။

USDP ပါတီအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် လယ်သမားလူထုကြီးနှင့် ထာဝရအတူရပ်တည်ဆောင်ရွက်သွားရန် ပြတ်သားသည့် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်ဟု ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071