Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ လူဦးရေ ၅၂၈၅၀ ကို ခွင့်ပြုပြီးဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ Online Appointment System ဖြင့် ရက်ချိန်းများခွင့်ပြုပေးလျှက်ရှိရာ လျှောက်ထားသူ၊ စနစ်အတွင်းဝင်ရောက်လေ့လာသူများဖြင့် စနစ်ဝင်ရောက်သူ အလွန်များပြားသည့်အတွက် လုပ်ငန်းစနစ်လည်ပတ်မှု နှေးကွေးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် စနစ်အားစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း၊ ယင်းကြောင့် ရက်ချိန်းအသစ်လျှောက်ထားမှုအား အချိန်ပိုင်း ခေတ္တရပ်ဆိုင်းထားကြောင်းအသိပေးထားသည်။
စနစ်အတွင်းဝင်ရောက်၍ ရက်ချိန်းစစ်ဆေးမှုကို အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ကို ဖြည့်သွင်း၍ ဝင်ရောက်စစ်ဆေးနိုင်ကြောင်းလည်းထုတ်ပြန်ထားသည်။