Thursday, May 29, 2025

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတက်လျက်ရှိရာ ရေလမ်းခရီးဖြင့်...

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။ ရန်ကုန်မြစ်ရေ...
HomeNewsLocal Newsပြည်ပသို့ တိမ်းရှောင်ရောက်ရှိသူများ ပြည်တွင်းသို့...

ပြည်ပသို့ တိမ်းရှောင်ရောက်ရှိသူများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက အထူးသက်ညှာစွာဖြေလျှော့ပေးမည်ဟု နစက ဆို

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် နိုင်ငံဝန်ထမ်းများနှင့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုပါက အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းတွင် နစက၏တရားစွဲဆိုမှုများ၊ ဝရမ်းထုတ်ဖမ်းဆီးမှုများ‌ကြောင့် နိုင်ငံရေးသမားများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူအချို့မှာ EAO နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ရောက်ရှိနေကြခြင်း ဖြစ်သည်။

အဆိုပါ EAO နယ်မြေများသို့ ရောက်ရှိနေသူများနှင့် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ရောက်ရှိနေသူများ အနေဖြင့် နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ မိမိတို့၏နေရပ်သို့ ပြန်လာလိုပါက သက်ညှာစွာ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့ ဖေဖေါ်ဝါရီ (၂၈) ရက် ရက်စွဲဖြင့် ‌ထုတ်ပြန်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် လူသတ်မှု၊ မီးရှို့မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦးများကို ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ထားသူများမှအပ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေသူများအား သက်ညှာစွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ရည်ညွှန်းထုတ်ပြန်ခဲ့သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်းရှိ နေရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်လိုပါက နီးစပ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ ဆက်သွယ်နိုင်ပြီး ပြည်ပသို့ ရောက်ရှိနေသူများအနေဖြင့် သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ယမန်နေ့က ထုန်ပြန်ခဲ့သည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အသိပေးထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံမှ စိုးရိမ်စိတ်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် ၀၆၂၉၂၁၇ ၇၁၀ နှင့် မြန်မာစစ်သံရုံး တယ်လီဖုန်းနံပါတ် ၀၆၂၉၂၃ ၀၁၆၅ တို့တွင် အသုံးပြုနေသော Viber ၊ Line Apps များသို့ စာရေးသားဆက်သွယ်ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းနှင့် သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးမည်

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံလုပ်သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းကို Online...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ (၁)ပွဲနှုန်း ပြိုင်ပွဲကျင်းပမည်

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး လက်ရှိအချိန်၌ Gym/Club များရှိ မျိုးဆက်သစ် ကစားသမားများ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခြင်းကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီး ပွဲစဥ်များကို (၄၅) ကီလိုမှ (၆၀) ကီလိုအထိ သတ်မှတ်၍ (၃) မိနစ်ထိုး (၂)မိနစ်နား ၊ မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်အတိုင်းကျင်းပသွားပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071