ဒါနစွဲ၍ ပြိတ္တာထဲဝင်ရသည်ထက်
ကာမစွဲ၍ ပြိတ္တာထဲ ဝင်ရသည်ကမှ တော်ဦးမည်။
-ဒါနအလှူ အယူမတတ် အပူဟပ်တတ်၏။
-ဒါနနည်း၍ မွဲသူနည်း၊ ဒါနလွဲ၍ မွဲသူအားကြီး၏။
-ဒါန၏မူ ထိုအယူကား စွန့်လွှတ်ခြင်းပင်။
ပစ္စည်းလက်ကစွန့်ချပြီး ငါစွဲစိတ်က မလွှတ်မိသော် ငါ- ဝတ္ထု – ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမည်။
မဟာဗောဓိမြိုင်ဆရာတော်၏ သာရဏီယကထာ ကိုယ့်ကိုကိုယ် ရှုမြင်ခြင်း စာအုပ်မှ ကောက်နုတ်ပါသည်။