Looking for something?

Explore the website

Looking for something?

Wednesday, May 28, 2025

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်‌ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ...

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်...

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ မေလ (၁၉)ရက်အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော်ဝင်ရောက်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင်...

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက...
HomeNewsLocal Newsဒဂုံမြောက်ပိုင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ စိတ်ကြွ...

ဒဂုံမြောက်ပိုင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ စိတ်ကြွ ဆေးပြား (၁) သိန်းကျော် ဖမ်းမိ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့်မြောက်ဥက္ကလာပမြို့နယ်တို့မှ စိတ်ကြွဆေးပြား ၁၀၂၀၀၀ ပြားအား ဖေ ဖော်ဝါရီ (၂၅) ရက်က ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၅) ရပ်ကွက်တွင် ခင်အောင်ချေ(ခ)ခင်အောင် (၃၆)နှစ်၊ ကျော်မင်းသိန်း (၂၇)နှစ်၊ သူရအောင် (ခ)ကိုသူ(၂၂)နှစ်နှင့် ဦးမောင်ညွတ်ဦး(၄၈)နှစ်တို့အားရှာ‌ ဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၉၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် ဒဂုံမြို့သစ်(မြော က်ပိုင်း)မြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေ့လယ် (၁) နာရီကလည်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်၊ ခေမာသီလမ်းနေ စိုးအောင်(ခ)ဖြူအောင်(ခ)ဖြူကြီး (၅၉)နှစ်၏နေ အိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ် ကြွဆေးပြား ၁၂၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သဖြင့် မြော က်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်‌ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်ပြီး နိုင်ငံအနှံ့မိုးဆက်ရွာနိုင်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၂၈) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးကြီးရေလျှံခြင်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေခြင်း စသည့်ဖြစ်စဥ်များ ဖြစ်ပေါ်ဦးမည်ဟုလည်း မိုး/ဇလက အသိပေးထားသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊...

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော် ဝင်ရောက်

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ မေလ (၁၉)ရက်အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁,၁၇၀,၀၀၀)ကျော်ဝင်ရောက်ခဲ့ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်ခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်သူအများဆုံးဖြစ်ကြောင်း သိရသည်။ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိရှိလာ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အနက် ရွှေဆိုင် (၁,၀၀၀) ဝန်းကျင်သည် လိုင်စင်ထုတ်ယူပြီးဖြစ်ကြောင်းလည်း သိရသည်။ ရွှေဆိုင်များ လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမည့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးထားကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်း နှင့် ညီမျှသည့် ငွေကြေးပမာဏကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071