Thursday, May 29, 2025

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတက်လျက်ရှိရာ ရေလမ်းခရီးဖြင့်...

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။ ရန်ကုန်မြစ်ရေ...

တရုတ်ကျောင်းသားများက်ုဗီဇာ မပေး‌တော့–ကန်နိုင်ငံခြားရေးဝန်ကြီး

တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ်သူများ သို့မဟုတ် အရေးကြီးသော နယ်ပယ်များတွင် သင်ကြားနေသူများအပါအဝင် တရုတ်ကျောင်းသားများကို ဗီဇာရုပ်သိမ်းတော့မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေလ ၂၈...
HomeNewsLocal Newsအ​ရေးယူခံရသည့် YBS ယာဉ်...

အ​ရေးယူခံရသည့် YBS ယာဉ် ၈၇၀၀ ကျော်မှာ ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်အားမချေမငံပြောဆိုခြင်းနှင့် ယာဉ်အပြိုင်အဆိုင်မောင်းနှင်ခြင်းတို့​ကြောင့်ဖြစ်

ရန်ကုန်မြို့တွင်း၌ စည်းကမ်းမဲ့မောင်းနှင်သည့် YBS ယာဉ် ၈၇၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း YRTC မှ သိရသည်။

အဆိုပါ စည်းကမ်းမဲ့ YBS ယာဉ်များအရေးယူဆောင်ရွက်မှုအပိုင်းတွင် ၂၀၂၂ ခုနှစ်တွင် အစီးရေ ၇၉၅၃ စီး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ ၈၃၇ စီး စုစုပေါင်း ၈၇၉၀ စီးကို CNG ပိတ်သိမ်းအရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။

ခရီးသည်အများဆုံးတိုင်ကြားမှုမှာ ယာဉ်စီးခပိုတောင်းခြင်း၊ ခရီးသည်အားမချေမငံပြောဆိုခြင်းနှင့် ယာဉ်အပြိုင်အဆိုင်မောင်းနှင်ခြင်းတို့ဖြစ်သည်။

YBS ယာဉ်တွေနှင့်ပတ်သက်ပြီး ခရီးသည်တွေ၏ တိုင်ကြားစာများရောက်ရှိလာခြင်းကြောင့် ယခုလို အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားကြောင်း၊ အရေးယူဆောင်ရွက်သည့်အခါတွင်လည်း ယခင် မ.ထ.သ လက်ထက်တွင် ကျင့်သုံးခဲ့သည့်စည်းကမ်းချက် ၁၃၈ ချက်နှင့်အညီအရေးယူဆောင်ရွက်​ကြောင်းထုတ်ပြန်ထားသည်။

ယင်းအပြင် YBS ယာဉ်လိုင်းများစည်းကမ်းမဲ့မောင်းနှင်မှုမရှိစေရန်အတွက် YBS ယာဉ်လိုင်းတွေမှာ တယ်လီမက်တစ်စနစ်တပ်ဆင်ထားပြီး Yangon Bus Operator ကနေစောင့်ကြည့်အရေးယူမှုတွေ ပြုလုပ်လျှက်ရှိသည်။

ယင်းအပြင် Telematics စနစ်သည် အရေးပေါ်အကြောင်းကြားနိုင်ပြီး ကားပေါ်တွင် အရေးပေါ်တစ်ခုခုဖြစ်ပါက ယာဉ်မောင်းမှခလုပ်နှိပ်လိုက်သည်နှင့် Control Center ကသိရှိနိုင်မည့်ပုံစံ ပြုလုပ်ထားကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၁၉၉ကို အကြောင်းကြားနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ (၁)ပွဲနှုန်း ပြိုင်ပွဲကျင်းပမည်

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး လက်ရှိအချိန်၌ Gym/Club များရှိ မျိုးဆက်သစ် ကစားသမားများ ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခြင်းကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူရိုးရာလက်ဝှေ့ရုံတွင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီး ပွဲစဥ်များကို (၄၅) ကီလိုမှ (၆၀) ကီလိုအထိ သတ်မှတ်၍ (၃) မိနစ်ထိုး (၂)မိနစ်နား ၊ မြန်မာ့ရိုးရာလက်ဝှေ့ နည်းစနစ်အတိုင်းကျင်းပသွားပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတက်လျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများအား ကြက်ခြေနီအသင်းမှ ကူညီပေးလျှက်ရှိ

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။ ရန်ကုန်မြစ်ရေ တိုးနေသည့်အတွက် ဒလနှင့် ဆိပ်ကြီးခနောင်တိုဘက်မှ ရန်ကုန်မြို့ဘက်သို့ ရေလမ်းခရီးဖြင့် နေ့စဉ်သွားလာနေကြသည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းနေအရွယ် ကလေးငယ်များမှအစ ဂရုစိုက်သွားလာကြရန်နှင့် ဖေးမကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဆိပ်ကြီးခနောင်တို ဒေသခံတစ်ဦးက ပြောသည်။ " မြစ်ရေက အရမ်းတက်နေတော့ စက်လှေ အတက်အဆင်းတွေမှာ ကူညီပေးနေတာတွေ့ရပါတယ် "ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြစ်ရေသည် မြင့်တက်လာသည်ဆိုသော်လည်းလက်ရှိတွင် အခြေခံရေစစ်မျဉ်းအထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071