Friday, May 30, 2025

“အခက်တွေ့နေရသလို” ခံစားနေရဟု အီလွန်မတ်ဟ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ သူ့ရဲ့ အစိုးရထိရောက်မှုဌာန(DOGE) ကို ကြီးကြပ်ကွပ်ကဲမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် "အခက်တွေ့နေရတယ်" လို့ ခံစားနေရကြောင်း အမေရိကန်စီးပွားရေးသမား အီလွန်မတ်စ်ကပြောကြားခဲ့ပါတယ်။ "အင်တာဗျူးမှာဒါကို...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့်...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...
HomeNewsLocal Newsမြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး...

မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် MFF နှင့် ဧရာ၀တီဘဏ် မိတ်ဖက်စာချုပ် ချုပ်ဆို

မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း (Partnership Contract) အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၁၁ နာရီအချိန်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်မင်းသိန်း၊ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာ၀န်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များ၊ စပွန်ဆာကုမ္ပဏီများမှ တာ၀န်ရှိသူများ၊ လက်ရွေးစင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဧရာ၀တီဘဏ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေးစင် အသင်းနှင့် ဖူဆယ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန်၊ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန်၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ သွားရောက်နိုင်ရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အကယ်ဒမီကျောင်းများ လည်ပတ်ဆောင်ရွက်ရန်နှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မိတ်ဖက်ပံ့ပိုးကူညီသူ Partnership အဖြစ် တစ်နှစ်အတွက် ကျပ်သိန်း ၁၀၅၀၀ (ကျပ်သိန်း တစ်သောင်းငါးရာ) ပံ့ပိုးကူညီမည်ဟု သိရသည်။

မြန်မာနေရှင်နယ်လိဂ်နှင့် AYA Pay တို့လည်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး AYA Pay အနေဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာကျင်းပနေသည့် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ကျပ်သိန်း တစ်သောင်း ပံ့ပိုးကူညီမည််ဖြစ်သည်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် ကျင်းပနိုင်ရေးအတွက် Alpine သောက်ရေသန့်၊ RGK+ Z&A Group၊ Warrix အားကစားပစ္စည်း၊ PAN အားကစား ဖိနပ်၊ နိုဗိုတယ် ရန်ကုန်မက်စ် တို့ကလည်း Co-Sponsors များအဖြစ် ပံ့ပိုးကူညီလျက်ရှိသည်ဟု သိရပြီး AYA Pay နှင့်အတူ Host Broadcaster အဖြစ် SKY NET ရုပ်သံ၊ တရားဝင် မိတ်ဖက်များအဖြစ် Genius ၊ 100 PLUS ၊ AYA SYMPO ၊ Warrix ၊ ပူးတွဲစပွန်ဆာများ အဖြစ် CP FIVE STAR ၊ Fresh Air Con၊ Alpine ၊ MAX Energy နှင့် MAX Cement တို့ကလည်း အသီးသီး ဝိုင်းဝန်းကူညီ ပံ့ပိုးလျက်ရှိသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“အခက်တွေ့နေရသလို” ခံစားနေရဟု အီလွန်မတ်ဟ်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ သူ့ရဲ့ အစိုးရထိရောက်မှုဌာန(DOGE) ကို ကြီးကြပ်ကွပ်ကဲမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့် "အခက်တွေ့နေရတယ်" လို့ ခံစားနေရကြောင်း အမေရိကန်စီးပွားရေးသမား အီလွန်မတ်စ်ကပြောကြားခဲ့ပါတယ်။ "အင်တာဗျူးမှာဒါကို ထုတ်ပြောဖို့ ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ အငြင်းပွားစရာဖြစ်လာနိုင်လို့ပါ။ ကျွန်တော်နည်းနည်းအခက်တွေ့နေသလိုခံစားနေရပါတယ်။အစိုးရအဖွဲ့ကို ဆန့်ကျင်ပြီးမပြောချင်ပေမယ့်အစိုးရအဖွဲ့လုပ်သမျှအရာအားလုံးအတွက်ကိုလည်း တာဝန်မယူချင်ပါဘူး။ဒါကြောင့် နည်းနည်းအခက်တွေ့နေပါတယ်"လို့ DOGE အကြီးအကဲရာထူးကနေမနုတ်ထွက်ခင်ရိုက်ကူးခဲ့တဲ့CBS News နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။အင်တာဗျူးအပြည့်အစုံကို ဇွန်လ ၁ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ မတ်စ်က ထရမ့်အစိုးရအဖွဲ့ရဲ့ မူဝါဒအများစုကို သဘောတူညီပေမယ့် "သဘောထားကွဲလွဲမှုတွေ ရှိတယ်" လို့ ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတက...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲပြုလုပ်

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွ င်း၊ MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ကြော င်း သိရသည်။ ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၄၀၀)...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071