နိုင်ငံခြားသားများပါတက်သည့်မြန်မာစာလုံးပေါင်းသတ်ပုံသင်တန်းအား ထပ်မံဖွင့်လှစ်မည်

0
674

မြန်မာစာဆရာကြီး ၄ ဦးမှ စာပြင်(ပရုဖတ်)ခြင်းနှင့်မြန်မာစာလုံးပေါင်းသတ်ပုံသင်တန်းအား ဖေ ဖော်ဝါရီ ၁၈ ရက်မှစတင်၍ ၃ ရက်တိုင်သင်ကြားပေးသွားမည်ဖြစ်သည်။

မြန်မာစာဆရာကြီးများဖြစ်သည့် ဆရာ ဒေါက်တာထွန်းတင့်၊ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာ တက္ကသိုလ်တင်ဟန်ကျော်နှင့် ဆရာ အေးကျော်မင်းတို့က ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ နေ့စဥ် မွန်းတည့် ၁၂ နာရီမှနေ့လည် ၃ နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ယခင်အသုတ်တုန်းကတက်​ရောက်သင်ကြားသူများတွင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ တရုတ်တစ်ဦး၊ကိုးရီးယားတစ်ဦး ပါဝင်ခဲ့​သေးသည်။

စိတ်ဝင်တစား​ စုံစမ်းကြသူများလှခြင်း​ကြောင့် ယခုကဲ့သို့ ထပ်မံဖွင့်လှစ်ရ​ကြောင်း စာ​ပေထုတ်​ဝေဖြန့်ချီအသင်းက ဆိုသည်။

သင်တန်းကြေးအဖြစ် ၃၀၀၀၀ ကျပ်သတ်မှတ်ထားကာ ကျောက်တံတားမြို့နယ်၊ဆိပ်ကမ်းသာလမ်း(အထက်ဘလောက်)၊အမှတ်(၂၆၃)၊ပထမထပ်(ဘယ်)တွင် သင်ကြားပေးသွားမည်ဖြစ်ပြီး ဖုန်း ၀၉ ၇၈၁၄၄၀၇၈၁ သို့ဆက်သွယ်နိုင်ကာ m.me/361312970616035 တွင်လည်း ဝင်ရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သင်တန်းအား မြန်မာနိုင်ငံ စာပေထုတ်သူနှင့်ဖြန့်ချီသူများအသင်းက ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းတက်ရောက်သူများသည် စာတစ်လုံး၊စာတစ်ကြောင်း၊စာတစ်ပိုဒ်၊စာတစ်ပုဒ် ရေးသားရာတွင် နေရာတကျ လျော်ကန်သုံးနှုန်းရပုံများအား ဆွေးနွေးဆန်းစစ်ပြီး လက်တွေ့လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here