Saturday, May 24, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeInternationalငလျင်ဒဏ်သင့် တုကီးယေးနှင့် ဆီးရီးယားနိုင်ငံများသို့...

ငလျင်ဒဏ်သင့် တုကီးယေးနှင့် ဆီးရီးယားနိုင်ငံများသို့ ကမ္ဘာ့နိုင်ငံကြီးများက အကူအညီများ ပေးပို့

ပါရီ၊ ဇန်နဝါရီ ၇

တုကီယေးနှင့် ဆီးရီးယားတွင် လူပေါင်း သုံးထောင်ကျော် သေဆုံးစေခဲ့သော ငလျင်အပြင်းစား လှုပ်ခတ်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် တနင်္လာနေ့တွင် အကူအညီများနှင့် ကယ်ဆယ်ရေးလုပ်သားများကို အလျင်အမြန် စေလွှတ်နိုင်ရန် ဆော်ဩစည်းရုံးခဲ့ကြကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ငလျင်ဒဏ်သင့် တုကီးယေးက ၎င်းထံမှ အကူအညီများ တောင်းခံခဲ့ပြီးနောက် စေလွှတ်ရန်အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ၁၀ ဖွဲ့ကို စုစည်းထားပြီဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘာရယ် နှင့် အီးယူ ကပ်ကာလ စီမံခန့်ခွဲရေး ကော်မရှင်အဖွဲ့ဝင် ယန်နက် လနာချိ့ချ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအဖွဲ့များသည် ငလျင်ဖြစ်ပွားရာနေရာများတွင် လိုအပ်သည်များကို အကဲဖြတ်ကာ အကူအညီများ ပေးအပ်နေကြောင်း၊ အခြားနိုင်ငံများကိုလည်း ငလျင်ကြောင့် ဒုက္ခရောက်နေသော မိသားစုများအား ကူညီပေးရန် အားကိုးပါကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောခဲ့သည်။

ငလျင်ဒဏ်နှင့် အကျွမ်းတဝင်ရှိနေသော ဂျပန််နိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့အား တုကီယေးသို့ စေလွှတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

အိန္ဒိယသည် ငလျင်ဒဏ်သင့် နေရာများသို့ ကယ်ဆယ်ရေးခွေးများနှင့် စက်ရိယာများ အပါအဝင် အမှုထမ်း ၁၀၀ ပါရှိသည့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ရန် အဆင့်ပြင်ထားပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

အမေရိကန် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက အမေရိကသည် တစ်ဖွဲ့လျှင် လူ ၇၉ ဦးစီ ပါဝင်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ကို စေလွှတ်ထားပြီဟု ထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် ဆီးရီးယား သမ္မတ၊ တုကီယေး သမ္မတတို့နှင့် ဖုန်းပြောရာတွင် နှစ်နိုင်ငံစလုံးသို့ ရုရှားအဖွဲ့များ စေလွှတ်မည်ဟု ကတိပြုခဲ့သည်။ ဆီရီးယားတွင် တပ်စွဲထားသော ရုရှားစစ်ဘက်ဝန်ထမ်း ၃၀၀ သည်လည်း ရှင်းလင်းရေးတွင် ပါဝင်ကူညီနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

ဗြိတိန်သည် စက်ကိရိယာများ၊ ကယ်ဆယ်ရေးခွေးများနှင့် ရှာဖွေကယ်ဆယ်ရေး အထူးကျွမ်းကျင်သူ ၇၆ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလဲဗလီးက ပြောကြားခဲ့သည်။

ပိုလန် မီးသတ်သမားများကို တုကီယေးရှိ ဂဇီရန်းတစ်ပ် မြို့သို့ စေလွှတ်ထားပြီး ၎င်းတို့သည် နေရာ နှစ်နေရာတွင် တစ်ရက်လျှင် ၂၄ နာရီ မနားတမ်း ကူညီသွားမည်ဖြစ်ကြောင်း ပိုလန် နိုင်ငံ ရှိ ဝါဆော ပြည်နယ်မီးသတ်တပ်ဖွဲ့မှူး အန်ဂျေ ဘတ်ကိုဝီရက်က ပြောခဲ့သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် အရေးပေါ်အကူအညီများ အပါအဝင် ဆီးရီးယားသို့ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်းခန့် တန်ဖိုးရှိသော လူသားချင်းစာနာမှု အကူအညီများအား ပေးပို့ရန် ကတိပြုခဲ့သည်။

Source: CNN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071