Looking for something?

Explore the website

Looking for something?

Friday, May 30, 2025

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...
HomeInternationalတရုတ်ထောက်လှမ်းရေးမီးပုံးပျံ အတ္တလန္တိတ်သမုဒ္ဒရာသို့ရောက်စဉ် အမေရိကဘက်မှပစ်ချလိုက်ပြီဟုဆို

တရုတ်ထောက်လှမ်းရေးမီးပုံးပျံ အတ္တလန္တိတ်သမုဒ္ဒရာသို့ရောက်စဉ် အမေရိကဘက်မှပစ်ချလိုက်ပြီဟုဆို

နူးယော့ခ်၊ဖေဖော်ဝါရီ ၅

တောင်ကာရိုလိုင်းနားပြည်နယ်ကမ်းရိုးတန်းအနီးရောက်ရှိလာသော တရုတ်ထောက်လှမ်းရေးမီးပုံးပျံအား အောင်မြင်စွာပစ်ချလိုက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့သည်။

အဆိုပါမီးပုံး ကို တရုတ်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ဗျူဟာမြောက်နေရာများကိုစောင့်ကြည့်ရန် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် သမ္မတဘိုင်ဒင်က အဆိုပါမီးပုံးပျံသွားရာလမ်းရှိ အမေရိကန်ပြည်သူများမထိခိုက်နိုင်ပါက ချက်ချင်းပစ်ချရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ယခုကဲ့သို့ ပစ်ချလိုက်ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ယခုမစ်ရှင်အား ကနေဒါအစိုးရ၏ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုတို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။ပစ်ချလိုက်သည့်အရှိန်ကြောင့် အသေးစားပေါက်ကွဲမှုလေးသာဖြစ်ပွားခဲ့ပြီး မီးပုံးပျံပျက်ကျသွားသည်ကိုလည်း မီဒီယာများ၏ဗီဒီယိုဖိုင်များတွင်မြင်တွေ့နိုင်သည်။

ယခုမီးပုံးပျံဖြစ်ရပ်ကြောင့် ပေကျင်းသို့သွားရန်စီစဉ်ထားသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ခရီးစဉ်ကိုလည်းဖျက်သိမ်းလိုက်ပြီး မစ္စတာဘလင်ကန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ယခုလုပ်ရပ်သည်လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် အမေရိက၏အချုပ်အခြာ အာဏာကိုထိပါးကာ နိုင်ငံတကာစည်းမျဉ်းကိုချိုးဖောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

သို့သော်တရုတ်က မူ ယခုမီးပုံးသည် စစ်ရေးရည်ရွယ်ချက်ဖြင့်အသုံးပြုခြင်းမဟုတ်ပဲ မိုးလေဝသစူးစမ်းရေးအတွက်သာသုံးခြင်းဖြစ်သည်ဟု ပြန်လည်ချေပခဲ့သည်။

မည်သို့ဆိုစေ တရုတ်၏ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းမသိရှိရသကဲ့ သို့ အဆိုပါကိစ္စနှင့်နီးစပ်သူများကမူ ယခုလုပ်ရပ်သည်အမေရိက၏ ဗျူဟာမြောက်နေရာများကိုစောင့်ကြည့်ရန်နှင့် ကန်နိုင်ငံ၏စောင့်ကြည့်တုံ့ပြန်နိုင်စွမ်းအား စမ်းသပ်လိုက်ခြင်းလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071