Looking for something?

Explore the website

Looking for something?

Monday, May 26, 2025

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန်...

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊...

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊...

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsမြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

ဂျာကာတာ၊ဖေဖော်ဝါရီ ၄

အာဆီယံဝန်ကြီးများအစည်းအဝေး၌ အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံးစည်းလုံးမှုရှိကြောင်းပြသသင့်သည်ဟု အင်ဒိုထိပ်တန်းသံတမန်ကပြောကြားခဲ့သည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီက အာဆီယံအဖွဲ့၏ ကျယ်ပြန့်သောပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံဥက္ကဌအတွက် အရေးပါသောလမ်းညွှန်မှုတစ်ရပ်အဖြစ်ရှိနေမည်ဖြစ်ကာ ၎င်းသည်အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုသည်ဟုမစ္စမာဆူဒီကပြောကြားခဲ့သည်။

အစည်းအဝေး၌ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအဖွဲ့တွင် အရှေ့တီမောပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အရှေ့တီမောသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့စေလွှတ်ခဲ့သည်။အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောအား အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူဝါဒအရအသိအမှတ်ပြုကာ လေ့လာသူအဆင့်ကိုပေးအပ်ရန် နို၀င်ဘာလကသဘောတူခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများကို ကျင့်ဝတ်နှင့်အညီ တတ်နိုင်သမျှမြန်မြန်ဖြေရှင်းကြရန်လည်း ဝန်ကြီးများအစည်းအဝေး၌ ထပ်မံအတည်ပြုခဲ့ကြသည်ဟုသိရှိရသည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုကြီး/သူနာပြုများ၊ ဓာတ်ခွဲ/ဓာတ်မှန် စသော ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ အငယ်တန်း ဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် လသာမြို့နယ် မီးသ-တ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀)...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊ မြန်မာ့အရေးကိစ္စ တို့ ​ဆွေး​နွေးမည်

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။ “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့်ကျင်းပသည့် နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲသည် အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးနှင့်လည်း တို-က်ဆိုင်နေသလို GCC နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကျင်းပသည့် ထိပ်သီးအစည်းအဝေးလည်းရှိ​နေပြန်သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့်...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့် ကျိုင်းတုံ-လွိုင်မွေလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကိုကြည့်ရှုစစ် ဆေးပြီး ကျိုင်းတုံ-လွိုင်မွေ လမ်းအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်းရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေးစနစ်တကျတွက်ချက်ဆောင်ရွက်ရန် မှာ ကြားသည်။ ထို့ပြင် နစက ဥက္ကဋ္ဌသည် လွိုင်မွေကန်သို့သွား ရောက်ပြီး လွိုင်မွေဒေသရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံဒေသနှင့် လွိုင်မွေဒေသတို့တွင် ရေလုံလောက်စွာရရှိရေးဆောင်ရွက်ရန်၊ ရေဝေရေလဲဧရိယာများအတွင်းရှိ သစ်တောသစ်ပင်များအား ခုတ်ထွင်ခြင်းမပြုဘဲ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071