Friday, May 30, 2025

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...
HomeInternationalမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဦးစားပေးလျက် အာဆီယံဥက္ကဌသက်တမ်းစတင်မည်ဟုဆို

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဦးစားပေးလျက် အာဆီယံဥက္ကဌသက်တမ်းစတင်မည်ဟုဆို

ဂျာကာတာ၊ဖေဖော်ဝါရီ ၂

အင်ဒိုနီးရှားသည် ၎င်း၏ပထမဆုံးသောအစည်းအဝေးကို ဖေဖော်ဝါရီလ ၃ ရက်နေ့၌ အိမ်ရှင်အဖြစ်စတင်ကျင်းပလျက် အာဆီယံဥက္ကဌရာထူးကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအစည်းအဝေး၌ တာဝန်ရှိသူများသည် ဒေသတွင်းထိခိုက်စေသည့် ကိစ္စများအားဦးစားပေးဆွေးနွေးသွားမည်ဟုပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်ကအာဆီယံဥက္ကဌအဖြစ် အင်ဒိုတာဝန်ယူဆောင်ရွက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်၌ အာဆီယံ၏အဓိကပြဿနာအဖြစ်ယူဆထားသည် မြန်မာ့အရေးအပါအဝင်အခြားပြဿနာများစွာကိုကိုင်တွယ်ရမည်ဖြစ်သည်ဟုဆိုသည်။

အင်ဒိုနီးရှားအနေဖြင့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အပြည့်အဝအကောင်အထည်ဖော်နိုင်အောင်ကြိုးစားလျက် ၎င်း၏အာဆီယံဥက္ကဌသက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းပြေလည်စေရန် ကူညီပေးမည်ဟုအင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်နိုမာဆူဒီကပြောကြားခဲ့သည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ အကြမ်းဖက်မှုအားလုံးရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးပါဝင်ဆွေးနွေးနိုင်ရန်၊မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်၊အာဆီယံကိုယ်စားလှယ်နှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန်အပါအဝင် ဒေသအလိုက် လူသားချင်းစာနာထောက်ထားမှုအကူအညီများထောက်ပံ့ရန်တို့ဖြစ်သည်။

အင်ဒိုအနေဖြင့် မြန်မာဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ရုံးဖွင့်လှစ်မည်ဟုပြောကြားခဲ့ပြီး ကျွမ်းကျင်သူများကမူ မြန်မာ့အကျပ်အတည်းသည် တစ်နှစ်အတွင်းဖြေရှင်းရန်မဖြစ်နိုင်ကြောင်းနှင့် အာဆီယံဥက္ကဌပြောင်းတိုင်း အထူးကိုယ်စားလှယ်လိုက်ပြောင်းနေခြင်းသည် အလုပ်မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာအာဆီယံဥက္ကဌနိုင်ငံ၏ ကိုယ်စားလှယ်မဟုတ်ပဲ အာဆီယံတစ်ဖွဲ့လုံး၏ မြန်မာဆိုင်ရာကိုယ်စားလှယ်မျိုးသာခန့်အပ်သင့်သည်ဟုလည်းဆိုထားသည်။

အင်ဒိုသည်လည်း ကမ္ဘောဒီးယားနှင့်ဘရူနိုင်းတို့မအောင်မြင်ခဲ့သည့် သက်ဆိုင်သူအားလုံးပါဝင်ဆွေးနွေးရေးကို လုပ်ဆောင်ဦးမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။သို့သော်တစ်ဖက်မှလည်း အရှေ့တောင်အာရှ၏ စီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်သည့် အင်ဒို၏လုပ်ဆောင်ချက်အပေါ်လည်း မျှော်လင့်ချက်မြင့်မားမှုများရှိနေသည်။

နစက ကကျင်းပမည့် ရွေးကောက်ပွဲသည် အာဆီယံအတွက်အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပြီး အဆိုပါရွေးကောက်ပွဲကြောင့် ပြဿနာပိုမိုမဆိုးရွားသွားစေရန် အာဆီယံက ကြိုးပမ်းရမည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

အင်ဒိုအနေဖြင့် မြန်မာ့အရေးအား ထိထိရောက်ရောက်ဖြေရှင်းနိုင်ပါက အာဆီယံဥက္ကဌအဖြစ်ထမ်းဆောင်ရာ၌ အောင်မြင်သည်ဟုဆိုနိုင်ပြီး အမှတ်ရစရာသမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်လာနိုင်သည်ဟုဆိုခဲ့သည်။

သို့သော်အင်ဒိုအတွက် မြန်မာ့အရေးသာမက အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်ကိစ္စနှင့် စီးပွားရေးမခိုင်မာမှုများကြား အာဆီယံ၏ဖွံ့ဖြိုးရေးအတွက် မည်သို့ဆောင်ရွက်မည်စသည့်အရေးများကိုလည်းဖြေရှင်းရမည်ဖြစ်သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071