Thursday, May 29, 2025

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...
HomeNewsLocal News၂၀၂၄ ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်တွင်...

၂၀၂၄ ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်တွင် မြန်မာနိုင်ငံမှ လူငယ်တစ်ဦး အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့

UAE နိုင်ငံတွင် ကျင်းပနေသည့် World Skateboarding Championships 2023 တွင် မြန်မာစကိတ်ဘုတ်အသင်းမှ လူငယ်တစ်ဦးသည် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းထံမှ သိရသည်။

UAE နိုင်ငံ Aljada Skate Park, Sharaj မြို့တွင် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ကျင်းပနေသည့် World Skateboarding Championships 2023 ပြိုင်ပွဲတွင် မြန်မာလူငယ် ထက်မြတ်နိုင်သည် Qualifier အဆင့်တွင် ဂျပန်၊ တောင်ကိုးရီးယား၊ ပီရူး၊ နီပေါ၊ ကာဇက်စတန်၊ မက်ဆီကို၊ အိုမန်၊ မော်ရကို၊ မိုဇမ်ဘစ် ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ကစားသမား ၁၆၈ ဦးယှဉ်ပြိုင်သည့်အထဲမှ မြန်မာလူငယ်ထက်မြတ်နိုင်သည် အဆင့် ၅၆ ရခဲ့သော်လည်း အမှတ်အများဆုံးရသည့် ၃၂ ယောက်သာ ကွာတာဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည့်အတွက် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

World Skateboarding Championships 2023 ပြိုင်ပွဲသည် ပြင်သစ်အိုလံပစ်၏ ပွဲစဉ်တစ်ခုဖြစ်ပြီး ပြင်သစ် ၂၀၂၄ အိုလံပစ်၏ ခြေစစ်ပွဲစဉ်အတွက် အမှတ်ရမည့် ပြိုင်ပွဲလည်းဖြစ်ကာ စားရိတ်အားလုံးကို ကမ္ဘာ့အိုလံပစ်ကောင်စီမှ ကျခံမည်ဖြစ်ပြီး ပြိုင်ပွဲသည် မြန်မာစကိတ်ဘုတ်အသင်းအတွက် ဒုတိယအကြိမ်အိုလံပစ်အတွေ့အကြုံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့သည်။ ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ မေ ၂၉ ရက်နေ့လည်မှ ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071