နယ်စပ်ကုန်သွယ်ရေးမှတဆင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Vehicle Monitoring System ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍အသုံးပြုသွားမည်

0
187

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးမှတဆင့်ပြည်ပသို့ QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို https:// vehicle.myanmartradenet.com (Vehicle Monitoring System)ဖြင့် စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စမ်းသပ်ဆောင်ရွက်ခြင်းအား ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊မြဝတီ၊ချင်းရွှေဟော်တို့ရှိ ကုန်သွယ်မှုလမ်းကြောင်းများ၌ ငွေကြေးကောက်ခံမှုမရှိဘဲ စတင်အသုံးပြုလျက်ရှိသည်။

ယင်း စနစ်အသုံးပြုမှုအား စမ်းသတ်ကာလပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ယာဥ်တစ်စီးလျင် ၅၀၀၀ ကျပ်ကောက်ခံ၍ အပြည့်အဝအသုံးပြုသွားမည်ဖြစ်၍ ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့ရာတွင် ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား အွန်လိုင်းစနစ်ဖြင့် လျှောက်ထားထုတ်ယူရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ တင်ပို့မည့်ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်အား Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရမည်ဖြစ်ကာ နယ်စပ်ပို့ကုန်လိုင်စင်ရရှိပြီးပါက ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System)တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်သည်။

ထို့နောက် လိုအပ်သည့်အချက်အလက်များအား တာဝန်ရှိသူများကစစ်ဆေး၍ QR Code ပါဝင်သည့်ကုန်ပစ္စည်းသယ်ဆောင်ခွင့်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန် စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျဝန်ထမ်းများထံ QR Code ပြသ၍ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး QR Code ပြသစစ်ဆေးခံနိုင်ခြင်းမရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်များသည် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Online မှ ပြန်လည်လျှောက်ထားပြီး QR Code ရရှိမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။

ထို့ကြောင့် လျှောက်ထားမည့်သူများအနေဖြင့် အသေးစိတ်သိရှိလိုသည်များအား https:commerce.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ဝ၆၇-၄၀၈၆၇၁၊ ၄ဝ၈၄၈၅၊ ၄ဝ၈၆၇ဝ၊ ၄ဝ၈၅ဝ၉၊ ၄ဝ၈၅၁၁ တို့နှင့်အီးမေးလ်လိပ်စာဖြစ်သည့် [email protected] , [email protected] တို့သို့ ရုံးချိန်အတွင်း၌ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းများသယ်ဆောင်သော ပို့ကုန်ယာဉ်များအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား ခွင့်ပြုထုတ်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here