Thursday, May 29, 2025

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ...

မျိုးဆက်သစ် ရိုးရာလက်ဝှေကစားသမားများပေါ်ထွက်ရေးအတွက် ရည်ရွယ်၍ ယခုနှစ်အတွင်း တစ်လ ပွဲ(၁)နှုန်း ပြိုင်ပွဲကျင်းပသွားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။ ထို့ကြောင့် လာမည့် ဇွန်လ(၁)ရက်တွင် ပြိုင်ပွဲကျင်းပပြုလုပ်ရန် ရှိနေပြီး...
HomeInternationalတရုတ်ထောက်လှမ်းရေးမီးပုံးပျံအား အမေရိကအနောက်ပိုင်း၌တွေ့ရှိဟု ပင်တဂွန်ပြောကြား

တရုတ်ထောက်လှမ်းရေးမီးပုံးပျံအား အမေရိကအနောက်ပိုင်း၌တွေ့ရှိဟု ပင်တဂွန်ပြောကြား

ဝါရှင်တန်၊ဖေဖော်ဝါရီ ၃

အမေရိကလေပိုင်နက်အတွင်း လွန်ခဲ့သည့်ရက်အနည်းငယ်ကတွေ့ရှိခဲ့ရသည့် တရုတ်ထောက်လှမ်းရေးမီးပုံးပျံဟု ယူဆရသည့်အရာအား အမေရိက ကခြေရာခံလျက်ရှိသော်လည်း မြေပြင်ရှိလူများအန္တရာယ်ရှိနိုင်သဖြင့် ပစ်ချခြင်းမပြုရန် ပင်တဂွန်ကဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အမေရိက-တရုတ်ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေသည့်အချိန်၌ ယခုမီးပုံးပျံအားတွေ့ရှိရခြင်းသည် အခြေနေကိုပိုမိုဆိုးရွားသွားစေနိုင်သည်ဟုဆိုသည်။အဆိုပါမီးပုံးပျံသည် တရုတ်ဘက်မှလွှတ်တင်လိုက်ခြင်းဖြစ်ပြီး အမေရိက၏သတင်းအချက်အလက်များကို စုစည်းရန်ဝင်ရောက်လာခြင်းဖြစ်သည်မှာသေချာသည်ဟု ပင်တဂွန်ကသတင်းထောက်များအားပြောကြားခဲ့သည်။

အဆိုပါမီးပုံးပျံအား Malmstrom လေတပ်အခြေစိုက်စခန်းရှိ နိုင်ငံ၏နျူဒုံးခွင်းကွင်းသုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် မွန်တာနာပြည်နယ်၌လည်းတွေ့ရှိခဲ့ရသည်။

ယခုဖြစ်စဉ်သည် မကြာခင်ကာလအတွင်း ပေကျင်းသို့သွားရောက်ရန်စီစဉ်နေသည့် ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ခရီးစဉ်မတိုင်ီဖြစ်ပေါ်ခဲ့သဖြင့် ခရီးစဉ်အပေါ်ထိခိုက်မှုရှိမရှိမသေချာသေးကြောင်းပြောကြားခဲ့သည်။

တရုတ်နှင့်အမေရိကကြားတင်းမာမှုများသည် ထိုင်ဝမ်အရေးသာမက တောင်တရုတ်ပင်လယ်နှင့် တရုတ်နိုင်ငံအနောက်ပိုင်းရှင်ကျန်းဒေသရှိ လူ့အခွင့်အရေးပြဿနာများအပါအဝင် ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားသူများအား ဖိနှိပ်မှုစသည့်အရေးပေါင်းများစွာကြောင့်ဖြစ်သည်။

အဆိုပါပြဿနာများကြောင့်ပင် တရုတ်၏ရုရှားထောက်ခံအားပေးမှု၊ မြောက်ကိုရီးယား၏တိုးချဲ့ဒုံးကျည်အစီအစဉ်အား ထိန်းချုပ်ရန်ငြင်းဆိုမှုအပြင် ကုန်သွယ်ရေးနှင့်နည်းပညာဆိုင်ရာအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့်...

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းနှင့် သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးမည်

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံလုပ်သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းကို Online...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့်အဖွဲ့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဆေးဝါးထောက်ပံ့မှုများအား (၃၇) ရက်ကြာ ဆောင်ရွက်ပေးခဲ့သော အဖွဲ့ဖြစ်သည်။ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့သည် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း (၃,၆၄၃) ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ (၃၀၅) ဦးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071