အမေရိက၌ ကိုဗစ်အရေးပေါ်ကြေငြာချက်အား မေ ၁၁ တွင်ရုတ်သိမ်းတော့မည်

0
120

ဝါရှင်တန်၊ဇန်နဝါရီ ၃၁

တနင်္လာနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၌ သမ္မတဘိုင်ဒင် အစိုးရသည် အမေရိက၏ကိုဗစ်အရေးပေါ်ကြေငြာချက်အား မေ ၁၁ တွင်ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုဗစ်အရေးပေါ်အခြေအနေနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHE) ကို ယခင်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်ကတည်းကထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက်သမ္မတဘိုင်ဒင်သည် မကြာမီလများအတွင်း သက်တမ်းကုန်ဆုံးတော့မည့် အရေးပေါ်ကာလသက်တမ်းကို ထပ်ခါတလဲလဲတိုးမြှင့်ခဲ့သည်။

အိမ်ဖြူတော်၏ စီမံခန့်ခွဲမှုနှင့်ဘတ်ဂျက်ရုံး (OMB) ၏ထုတ်ပြန်ချက်တွင် အဆိုပါသက်တမ်းတိုးကြေညာချက်များကို မေလ ၁၁ ရက်အထိ ထပ်မံတိုးမြှင့်ပြီးနောက် ရပ်ဆိုင်းပေးတော့မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here