Friday, May 30, 2025

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန်...

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏...

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍...

ပါကစ္စတန်၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၉...

အစ္စလာမာဘတ်၊မေ ၂၈ ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်မှုကြောင့် လူ ၉ ဦးထက်မနည်း‌ေ-သဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အိမ်များ၊အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများသာမက...
HomeInternationalကမ္ဘာ့စစ်အင်အားကြီး နိုင်ငံထဲတွင် ဗြိတိန်မပါဝင်တော့ကြောင်း...

ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံထဲတွင် ဗြိတိန်မပါဝင်တော့ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြောလာ

အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးသည် ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလတ်စ်အား ဗြိတိန်စစ်တပ်ကို ကမ္ဘာ့ထိပ်တန်း အဆင့်ဝင် စစ်တပ်အဖြစ် မသတ်မှတ်တော့ကြောင်း ပြောကြားခဲ့သည်ဟု စကိုင်းနူးစ် သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ အမည်မဖော်လိုသူ အမေရိကန် ဗိုလ်ချုပ်ကြီးသည် ကာကွယ်ရေးဝန်ကြီးအား ၎င်း၏ စစ်တပ် အင်အားလျော့နည်းလာမှုနှင့် ပတ်သက်၍ သတိပေးခဲ့သည့်အပြင် ဗြိတိန်စစ်တပ်သည် ဗြိတိန်နှင့် ၎င်း၏ မဟာမိတ်များကိုပင် ကာကွယ်နိုင်စွမ်း မရှိတော့ကြောင်း ပြောခဲ့ကြားသည်ဟု ထိုကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူများက ဆိုသည်။

ပူတင်၏ ရုရှားစစ်တပ်ကြောင့် လုံခြုံရေး အန္တရာယ်ကြီးမားလာချိန်တွင် ရီရှီး ဆူးနက်ခ်သည် ၎င်း၏ စစ်တပ်နှင့် ပတ်သက်၍ ချက်ချင်း အရေးယူဆောင်ရွက်ခြင်း မပြုပါက စစ်ပွဲကာလ ဝန်ကြီးချုပ်အဖြစ် တာဝန်ပျက်ကွက်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဗိုလ်ချုပ်ကြီးက စကိုင်းနူးစ်အား ပြောကြားခဲ့သည်။

ထို့ကြောင့် ရုရှား-ယူကရိန်း အရေးခင်းအပြီးတွင် ဗြိတိန်သည် ဆယ်စုနှစ်များစွာ ဘတ်ဂျက်ဖြတ်တောက်မှုကြောင့် ဆုတ်ယုတ်နေသည့်နေသည့် ၎င်းစစ်တပ်၏ စွမ်းရည်များကို မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးက ဆက်လက်ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီးက နိုင်ငံတစ်နိုင်ငံချင်းဆီ၏ စစ်ရေးအင်အားအရ အဆင့်ခွဲခြားသတ်မှတ်ခဲ့ရာ အဆင့်တစ်နေရာတွင် အမေရိက၊ ရုရှား၊ တရုတ်နှင့် ပြင်သစ်တို့က နေရာယူထားပြီး ဗြိတိန်ကိုမူ ဂျာမနီနှင့် အီတလီကဲ့သို့ တိုက်ခိုက်ရေးအင်အားနည်းသော အဆင့်နှစ် နေရာတွင်သာ ရှိကြောင်း ပြောခဲ့သည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း ထိပ်တို-က်တွေ့ဆုံမည်

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။ Week -6 ပွဲစဥ်ကို ယခုလ မေ (၃၀)ရက်မှ ဇွန် (၂) ရက်အထိ ဆက်လက်ကစားသွားကြမည်ဖြစ်ကာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေကြသည့် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တို-က် တွေ့ဆုံနေကြသည်။ ထို့ပြင် မေ (၃၀) ရက်ညနေပိုင်းတွင်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန် (၁၅၀,၀၀၀) ကျော် တင်ပို့ခဲ့ရ

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏ စာရင်းဇယားအရ ယခုနှစ်တွင် မြန်မာဘက်မှ တင်သွင်းသည့် ကြံတန်ပေါင်း (၁၅၀,၀၀၀) ကျော်ကို ဝမ်တိမ်နယ်စပ်ဂိတ်၊ မန်မန်းလမ်းကြောင်းမှတဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ တရုတ်-မြန်မာနယ် စပ်တလျှောက်တွင် စိုက်ပျိုးထွက်ရှိသော ကြံသီးနှံကို တရုတ်ဘက်သို့ နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောအချက် အချာနေရာအနေနှင့် မန်မန်းလမ်းကြောင်းသည် နှစ်တစ်နှစ်လုံးတွင် နယ်စပ်ဖြ-တ်ကျော်...

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ကြည့်ရှုစစ်ဆေးမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍ စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီးသက်ပုံ၊ တာဝန်ရှိသူများ၊ အင်ဂျင်နီယာပညာရှင်များ၊ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက ကရိန်းအသုံးပြုတက်ရောက်၍ စိန်ဖူးတော်၊ ရွှေထီးတော်နှင့် စေတီတော်ကြီး၏ မျက်နှာပြင်ပေါ်ရှိအက်ကွဲကြောင်းကြီးများကို ကြည့်ရှုစစ်ဆေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂၃ ရက်နံနက်ပိုင်းကလည်း သီတဂူဆရာတော်ကြီးသည် ငလျင်ဒဏ်သင့်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ မျက်နှာပြင်ကွဲအက်သွားမှုအား ပြုပြင်မွန်းမံနိုင်ရန် ကြည့်ရှုစစ်ဆေးတော်မူခဲ့ကြောင်း သိရသည်။ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မှာ ငလျင်ဒဏ်ကြောင့်ပြု--တ်-ကျ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071