အိန္ဒိယနိုင်ငံ နူးဒေလီရှိ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် တက်မည်

0
112

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရောဗ့်သည် မတ်လ ၁ ရက် နှင့် ၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံ မြို့တော် နူးဒေလီ၌ ကျင်းပသွားမည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ရူဒန်ကိုက ဇန်နဝါရီလ ၃၀ ရက် တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် G20 ဥက္ကဌရာထူးကို အိန္ဒိယက တာဝန်ယူထားခြင်းဖြစ်ပြီး နှစ်ပတ်လည် G20 ထိပ်သီးအစည်းအဝေးကိုလည်း စက်တင်ဘာလ ၉ ရက်မှ ၁၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် အိန္ဒိယသည် ၎င်း၏ ကြွယ်ဝသော ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များကို ပြသရန်တွက် ယခုနှစ်အတွင်း အုပ်စုလိုက် အစီအစဉ်အနေဖြင့် မတူညီသည့် နေရာ ၅၅ နေရာတွင် အစည်းအဝေးပေါင်း နှစ်ရာကျော်ကို ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်။

“မတ်လ ၁ ရက်ကနေ ၂ ရက်နေ့အထိ နူးဒေလီမှာ ကျင်းပမယ့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပါဝင်သွားမှာဖြစ်ပါတယ်။” ဟု ရူဒန်ကိုက ပြောကြားခဲ့ကြောင်း တက်စ် သတင်းဌာနက ဖော်ပြထားသည်။

အိန္ဒိယနှင့် ရုရှား၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပြီး စစ်ရေးနှင့် နည်းပညာကဏ္ဍများတွင်လည်း ၎င်းတို့ ၏ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားနေဆဲဖြစ်သည်။

Source: AniNews


LEAVE A REPLY

Please enter your comment!
Please enter your name here