Thursday, May 29, 2025

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂)...

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား...

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏...

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...
HomeNewsLocal Newsအိန္ဒိယ- မြန်မာ ကုန်သွယ်မှု(၂၀၂၁-...

အိန္ဒိယ- မြန်မာ ကုန်သွယ်မှု(၂၀၂၁- ၂၀၂၂)တွင်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံခန့်ရှိခဲ့

ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း၏ တွေ့ဆုံဆွေးနွေးပွဲအား ဇန်နဝါရီ ၂၉ ရက်ကကျင်းပခဲ့သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ကာ (၂၀၂၁- ၂၀၂၂)ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံခန့်ရှိခဲ့၍ ဆက်လက် တိုးတက်ရန်ဆောင်ရွက်သွားမည်ဟု ထိုပွဲသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့​သောကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောကြားခဲ့သည်။

ထို့ပြင် ဆေးဝါးပစ္စည်းများသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိကသွင်းကုန်ပစ္စည်းဖြစ်၍ မြန်မာနိုင်ငံရှိ ပြည်သူများအရည်အသွေးပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ်ဆေးဝါးများအား ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများတွင်အသုံးပြုနိုင်ရန် နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဉ်ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ သွင်းကုန်လိုင်စင်လျင်မြန်စွာရရှိရေး၊ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာအသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်​နေသည်ဟု ​ပြောသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံမှဆေးပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာဆေးပညာရှင်များနှင့်ပူးပေါင်းကာ ဆေးကုသမှုများဆောင်ရွက်ရန်နှင့်ဆေးဝါးစက်ရုံများတည်ထောင်၍ ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်း၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍဆိုင်ရာ စီးပွားဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ကြစေလိုသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar ကလည်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နေမှုများကို၄င်း၊ အိန္ဒိယ-မြန်မာကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya နှင့် အတွင်းရေးမှူးတို့ကလည်း အိန္ဒိယ-မြန်မာ ကုန် သည်ကြီးများအသင်း၏ ဆောင်ရွက်မှုများကို ၄င်းရှင်းလင်းပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်၊ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦစီးဌာနမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။ "ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။...

ငလျင်ကြီးအပြီး နှစ်လအကြာထိ ကလေးသူငယ်ပေါင်း (၂) သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေဆဲဖြစ်

မန္တလေး ငလျင်ကြီးလှုပ်ခတ်အပြီး နှစ်လအကြာတွင် ကလေးသူငယ်ပေါင်း (၂)သန်းနီးပါးသည် အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။ မန္တလေး ငလျင်ကြီးကြောင့် ကလေးငယ်အများအပြား နေအိမ်များနှင့် မိသားစုဝင်များ၊ လုံခြုံသည့်နေရာများကို ဆုံးရှုံးခဲ့ကြရကြောင်း UNICEF Myanmar က ဆိုသည်။ ထို့ပြင် မုတ်သုံလေဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေကြောင်း၊ ယူနီဆက်အနေဖြင့် ကလေးသူငယ်များနှင့် မိသားစုများကို ကူညီထောက်ပံ့ပေးနေသော်လည်း အရေးပေါ်အကူအညီ အများအပြား လိုအပ်နေသေးကြောင်း အသိပေးထားသည်။

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ရွှေ့လျားလားနိုင်ခြင်းမရှိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ဦးတည်ရွှေ့လျားလာနိုင်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေ ၂၉ ရက်က မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီး ဗဟိုချက်လေဖိအားသည် ၉၈၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်သည်ဟု အသိပေးခဲ့သည်။ ယင်း မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ မေ ၂၉ ရက်နေ့လည်မှ ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071