Friday, May 30, 2025

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...
HomeInternationalပါကစ္စတန်တွင် ယာဉ်မတော်တဆမှု ၂...

ပါကစ္စတန်တွင် ယာဉ်မတော်တဆမှု ၂ ခု ယနေ့ဖြစ်ပွားရာ ၅၁ ဦးထက် မနည်းသေဆုံး

ပါကစ္စတန်အနောက်ပိုင်းတွင် ယနေ့တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၉ ရက်)၌ ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ ပြုတ်ကျခဲ့သလို၊ အနောက်မြောက်ပိုင်းတွင်လည်း ကျောင်းသားငယ်များ တင်ဆောင်လာသည့် လှေတစ်စင်းလည်း တိမ်းမှောက်ခဲ့ပြီး ယင်းဖြစ်ပွားမှု ၂ ခုတွင် စုစုပေါင်း လူ ၅၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်ရှိ လျှိုတစ်ခုတွင် ဘတ်စ်ကား တိမ်းမှောက်ပြုတ်ကျမှုကြောင့် လူ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာကအတည်ပြုခဲ့ပြီး၊ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ဒေသ လှေမှောက်မှုတွင်မူ ကျောင်းသားငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရေထဲတွင် ကိုးဦးအထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ခရီးသည် ၄၈ ဦး တင်ဆောင်လာသည့် ဘတ်စ်ကားသည် တံတားတိုင်ကို တိုက်မိပြီး တနင်္ဂနွေနေ့ အစောပိုင်းက တိမ်းမှောက်ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကာ၊ ယင်းကားမှောက်မှုမှ သေဆုံးသူ အလောင်း ၄၀ ကို ဒဏ်ရာရရှိသူ ၃ ဦးနှင့်အတူ ရှာဖွေရရှိခဲ့ပြီး မကြာမီတွင် တစ်ဦးထပ်မံဒေသဆိုင်ရာ သေဆုံးသွားခဲ့ကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိ Hamza Anjum က ပြောကြားခဲ့သည်။ ကျန်နှစ်ဦးမှာလည်း ပြင်းထန်သောဒဏ်ရာများရရှိထားကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

“သေဆုံးသွားတဲ့အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းမမှတ်မိနိုင်လောက်အောင်ပါပဲ”ဟု Hamza Anjum က ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071